Wednesday 7 October 2020

ခရစ်ယာန်များအတွက်အမြင်မရှင်းသည့်မေးခွန်များ

မေးခွန်နံပါတ် ၁၈ , ၁၉ ။
၁၈ , ၁၉။ ကိုယ့်ဟာကိုယ်ရှာစားပြီး၊ ဘုရားကျွေးသည်ဟူသောစကားမိမိဘာသာစီးပွားရှာ၍ ပြည့်စုံခြင်းကို ဘုရားပေး သည်ဟူသောအဓိပ္ပါယ်ကိုရှင်းပြပါ။ သင်မရှာထားပါက အစားအစာရပါမည်လော။ သင်စီးပွားမရှာပါက ပြည့်စုံပါမည်လား။ ထိုသို့ စားရခြင်း၊ ပြည့်စုံရခြင်းအကျိုးတရားတို့တွင် ဘုရားသခင်၏လုပ်ဆောင်ချက်ရှိပါသလား။ ရှိပါကဖော်ပြပါ။ ကိုယ့်ဟာကိုယ်ရှာစားပြီး တလွဲကျေးဇူးတင်ရာရောက် မနေဘူးလား။ သဘာဝကျအောင်စဉ်းစားဖြေကြားပေးပါ။
မေးခွန်းနံပါတ် (၁၈) အဖြေ။
ဤကဲ့သို့သောမေးခွန်းမျိုးသည် ရုပ်ဝါဒီတွေကသာ မေးလေ့မေးထရှိပါသည်။ အထူးသဖြင့် ကွန်မြူနစ်ဝါဒီတွေရဲ့ လက်သုံးစကားလုံးဖြစ်ပါသည်။
“ပါဋိပညာရှင် မစ္စတာရိုင်း(စ်) ဒေးဗစ်၏ ရေးသားချက်ကို ကျွနု်ပ်ဖော်ပြလို၏….။ ဗုဒ္ဓဘာသာသည် ဘယ်အခါ ကမှရုပ်ဝါဒမဟုတ်ခဲ့သော်လည်း နောက်ကာလ၌ ဘဝသံသရာနှင့်စပ်လျဉ်း၍ အမြင်ကျဉ်းမြောင်းလာကာ ရုပ်ဝါဒအဆင့် အတန်းဆင်ခြင်တုံတရားကိုသာ အခြေပြုသောဝါအဆင့်အတန်းသို့ကျဆင်းလာ၏”။
(ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ) ပထမပိုင်းဦးအေးမောင်၊ နှာ ၂၃)။
ဘုရားသခင်သည် လူယောက်ျား( အာဒံ) နှင့် လူမိန်းမ(ဧဝ) တို့ကိုဖန်ဆင်းတာ်မူပြီးလျှင် “အချင်းတို့၊ များပြားစွာ မွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့” (က၊ ၁း၂၈) ဟုကောင်းကြီးပေးတာ်မူ၏။ ဘုရားသခင်ကောင်းကြီးပေး တော်မူသောအားဖြင့် လူသားမျိုးဆက်သစ်များတို့သည် ဆက်လက်တိုးပွားများပြားလာကာ၊ ယနေ့ကမ္ဘာနှင့်အဝှမ်း လူသားမျိုးနွယ်များပြန့်နှံလျက် အခြေချနေထိုင်ခဲ့ကြပြီးဖြစ်သည်။ သို့ဖြစ်၍ ဆာလံဆရာက “ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူသည်ဟုသိမှတ်ကြလော့၊ ထာဝရဘုရားသည် ငါတို့ကိုဖန်ဆင်းတာ်မူ၍၊ ငါတို့၏အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း ထာဝရဘုရား၏လူဖြစ်ကြ၏” (ဆာ၊ ၁၀၀း ၃)။
အို…သင်လူသား၊ သင်သည်ဘုရားသခင်ဖန်ဆင်းတာ်မူခြင်းများထဲမှ အခြားသောတိရိစ္ဆာန်မျိုးဆက်သစ်များထဲ၌မပါ ဝင်ခဲ့ရဘဲ၊ လူသတ္တဝါမျိုးဆက်သစ်အထဲမှပါဝင်ခွင့်ရ၍ လူအဖြစ်ကိုရရှိခဲ့လို့……ဘုရားသခင်၏ကျေးဇူးတော်ကို မချီးမွမ်းသင့် ပေဘူးလား။ သင်အသက်ရှင်သန်နေနိုင်ရေးအတွက်၊ ကမ္ဘာမိုးမြေ၊ ရေ၊ လေ၊ သက်မဲ့နှင့် သယံဇာတအလုံးစုံတို့ကို ဖန်ဆင်းပေးထားတော်မူသော ဘုရားသခင်ကို သင်ကျေးဇူးမတင်သင့်ပေဘူးလား။
သမ္မကျမ်းစာက၊ “ထာဝရဘုရားသည် အစိုးရတော်မူသောအရှင်ကောင်းကင်မြေကြီး သမုဒ္ဓရာမှစ၍ ထိုအရပ်တို့၌ ရှိသမျှတို့ကို ဖန်ဆင်းတာ်မူသောဘုရားသခင်ဖြစ်တော်မူ၏” (တ၊ ၄း၂၄)။
“ပထဝီမြေကြီးသည် ဘုရားသခင်၏ကျေးဇူးတာ်နှင့်ပြည့်ဝလျက်ရှိ၏” (ဆာ၊ ၃၃း၅.၅)။
တစ်ဖန်၊ “လူတိုင်းစားသောက်ခြင်းငှာ၎င်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွှေ့ ခြင်းငှာ၎င်း၊ ဘုရား သခင်၏ကျေးဇူးတော်ကြောင့်သာအခွင့်ရှိ၏ဟု ကျမ်းစာလာသတည်း” (ဒေ၊ ၃း၁၃။ ၂း၁၅။ ၆း၂)။
မည်သို့ဆိုစေကာမူ၊ဘုရားသခင်၏ကျေးဇူးတာ်ကိုအသိအမှတ်မပြုသောသူများလည်းရှိနေမည်သာဖြစ်သည်ကို သမ္မကျမ်းစာက “ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ်၏” (ဆာ၊ ၁၅း၁။ ၅၃း၁)။ “အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကိုသိလျက်ပင် ဘုရားသခင်ကိုချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊ ကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊သတိမရှိသောစိတ်နှလုံးမိုက်မဲခြင်းသို့ရောက်ကြ၏” ဟုလာသတည်း….(ရော၊ ၁း၂၁)။
မေးခွန်းနံပါတ်(၁၉) အဖြေ။
သမ္မာကျမ်းစာသည် သိပ္ပံပညာကို သင်ကြားပို့ချဖို့ရန် ပြုစုထားသောစာအုပ်မျိုးမဟုတ်ပါ။ သိပ္ပံပညာက အရာဝတ္ထု များသည် မည်ကဲ့သို့ဖြစ်ပေါ်လာနည်းဆိုသည့်မေးခွန်းအတွက် အဖြေကိုရှာသည်။ သမ္မာကျမ်းစာက ထိုအရာဝတ္ထုများ မည်သည့်အတွက်ကြောင့်ဖြစ်ပေါ်လာသနည်းဆိုသည့်မေးခွန်းကိုဖြေထားသည်။ တစ်နည်းဆိုသော်၊ သမ္မာကျမ်းစာသည် ပို၍အခြေခံကျသောမေးခွန်းများနှင့်သက်ဆိုင်ပေသည်။ (သမ္မာကျမ်းစာကိုထိရောက်စွာဖတ်ရှူလေ့လာခြင်း ၊ S.J.De. S. Weerasinghe) 
ယနေ့သိပ္ပံပညာဆိုသည်မှာ မရှိခြင်းမှနေ၍ ရှိခြင်း ဖြစ်လာစေရန်တတ်စွမ်းနိုင်သည်မဟုတ်ချေ။ သို့သော်တတ်စွမ်း သူဘုရားသခင်၏ ဖန်တီးခြင်းကိစ္စကို မျှော်ကြည့်လျက်၊ မိမိဖြေရှင်းရန် မတတ်နိုင်သော်လည်းသံသယများကိုမူ မွေးမြူနေ ဆဲရှိ ကြပါသည်။
ဆင့်ကဲဖြစ်စဉ်သည် မည့်သည့်အရာမျှမရှိခြင်းမှ တည်ရှိခြင်းအဖြစ်ကို ဆက်စပ်ပေးနိုင်စွမ်းမရှိသကဲ့သို့၊ တည်ရှိ ခြင်းမှ အသက်ရှင်ခြင်း။ တစ်ဖန်၊ အသက်ရှင်ခြင်းမှ လူသားဘဝစသည်တို့ကို မည်သို့မျှဆက်စပ်မပေးနိုင်ချေ။ ထို့ကြောင့်ဆင့်ကဲဖြစ်စဉ်၏အခြေခံနှင့် အယူအဆတို့သည် လူသားတို့၏ တန်ဘိုးနှင့်လွတ်လပ်ခြင်းကိုလည်း မည်သို့သော နည်းများနှင့်မှအကျိုးမပြုနိုင်ဟု ကျွန်တော်လေးနက်စွာယုံကြည်မိသည်။ (ကမ္ဘာဦးကျမ်းမှ ဒေါက်တာဂျေ ဝါးနန် မဂ္ဂီး။ နှာ ၆၁)။
ဤမေးခွန်းနံပါတ်(၁၉)ထဲတွင် ဖော်ပြသည့်ကိန်း ဂဏန်းကုဋေကဋာတွက်ကိန်းများတို့သည် သိပ္ပံပညာရှင်များ၏ ထင်မြင်ယူဆချက်များသာဖြစ်ပြီး၊ ဘာသာရေးအယူဝါဒနှင့်မသက်ဆိုင်သောကြောင့် အထူးဖြေကြားရန်လိုမည်မထင်။
သမ္မာကျမ်းစာက၊ “ပုရောဖက်ဉာဏ်သော်၎င်း၊ အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်၎င်း၊ သိပ္ပံအ တတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။” (၁ကော၊၁၃း၈) ။ ယေရှူက၊ “ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း ငါ့စကားတည်လိမ့်မည်ဟုမိန့်တော်မူ၏” (မ၊ ၄း၁၀)။
“လောကဓာတ်တို့၏ ဘုရားတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းနှင့် ကင်းလွတ်တော်မူထသော မျက်မြင်မရ၊ အရှူပဖြစ်တော်မူထသော၊ တဆူတည်းသောဘုရားသခင်သည် ကမ္ဘာအဆက်ဆက်ဂုဏ်အသရေ၊ ဘုန်းအာနုဘော်ရှိ တော် မူစေသတည်း။ အာမင်” (၁တိ၊ ၁း၁၇)။

No comments:

Post a Comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....