Tuesday 6 October 2020

ခရစ်ယာန်များအတွက်အမြင်မရှင်းသည့်မေးခွန်များ

အမေး။။
၁။ ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းခင်က ထာဝရဘုရားသခင်ဘယ်မှာနေပါသနည်း။
၂။ ထာဝရဘုရားကို မည်သူဖန်ဆင်းခဲ့သနည်း။ ထာဝရဘုရားသခင်အဖြစ်သို့ ရောက်ရှိလာရသည့် ထာဝရဘုရား၏ အတ္ထုပ္ပတ္တိကိုဖော်ပြပါ။

အဖြေ။။ မေးခွန်းနံပါတ် (၁)နှင့်(၂)တို့၏ အဓိကမေးလိုရင်းအဓိပ္ပါယ်ချင်းတူပါသဖြင့် ၎င်းမေးခွန်းနှစ်ရပ်ကို တစ်ပေါင်းတည်းဖြေဆိုပါရစေ။
အတုမရှိသောဘုရားသခင်ကို၎င်း၊ ဘုရားသခင်ဖန်ဆင်းတော်မူသောလောကဓာတ်ကို၎င်း၊ မကြံစည်အပ်သည်ကိုပိဋ္ဋကတ်ကျမ်းလာသည့်အတိုင်းပြဆိုပေအံ့။
လောကီ၊ လောကကို။ နစိန္တာတံ၊ မကြံစည်အပ်သည်ကို စိန္တာယဿ၊ ကြံစည်သောသူအား ဥမ္မာတဿ၊ သူရူးနှင့်လည်းတူ၏။ အဝိဂတဿ၊ စိတ်ဖောက်ပြန်သောသူနှင့်လည်းတူ၏။
ဗုဒ္ဓဿ၊ အတုမရှိသောမြတ်စွာဘုရားသခင်ကိုလည်း နစိန္တာတံ၊ မကြံစည်သည်ကို စိန္တာယဿ၊ ကြံစည်သောသူအား ဥမ္မာတဿ၊ သူရူးနှင့်လည်းတူ၏။ အဝိဂတဿ၊ စိတ်ဖောက်ပြန်သောသူနှင့်လည်းတူ၏ဟု လောကဒီပကာသာရကျမ်း၌ပြဆိုထားပါသည်။
မကြံစည်အပ်သောအရာများ
၁။ ဗုဒ္ဓဝိသယော။ ဘုရားသာသိအပ်သည်ကို မကြံစည်အပ်။
၂။ ဈာယိဿ။ ဈာန်အဘိညာဉ်အရာကို မကြံစည်အပ်။
၃။ ကမ္မဝိပါကော။ ကံ၏အကျိုးပေးပုံကို မကြံစည်အပ်။
၄။ လောကစိန္တာ။ နေ၊ လ စသောလောကတည်ပုံကို မကြံစည်အပ်။
ကြံစည်လျှင် ရူးသွပ်ခြင်း၊ ဆင်းရဲပင်ပန်းခြင်းအဖို့ဖြစ်၏။
(အဂု်တ္ထုရ်ပါဋ္ဋိတော်စတုက္ကနိပါတ်အပဏ္ဏကဝစ်)
မှန်သောဘုရားသခင်၌ လူအပေါင်းတို့ထက်သာလွန်ထူးကဲတော်မူသော အစိနေ ္တယသဒ္ဒါ၊ အမမေယသဒ္ဒါတို့နှင့်အညီ ဂုဏ်တော်၏အချုပ်ကိုဆိုလျှင် လေးပါးရှိ၏။ လေးပါးဟူမူကား (၁) ရူပအစိနေ ္တယ (၂) ဣဒ္ဓိအစိနေ ္တယ (၃) ညဏအစိနေ ္တယ (၄) ဝါစအစိနေ ္တဟူ၌ဂုဏ်ပုဒ်လေးပါးရှိတော်မူ၏။ ထိုအနန ္တဂုဏ်ပုဒ်လေးပါး မဂဓပါဋ္ဋိစကားတို့ကို အဘိဓာန်ကျမ်းလာသည့်အတိုင်း မြန်မာလိုပြန်ဆိုလျှင် ရူပါအစိနေ ္တယပုဒ်၌ ရူပါ၊ ရုပ်၊ အစိနေ ္တယ၊ မကြံစည်အပ်။ အမမေယ၊ မနှိူင်းယှဉ်အပ်၊ ဣဒ္ဓိအစိနေ ္တယပုဒ်၌၊ ဣဒ္ဓိ၊ တန်းခိုးတော်၊ အစိနေ ္တယပုဒ်၌ ဉာဏ၊ ဉာဏ်တော်၊ အစိနေ ္တယ၊ မကြံစည်အပ်၊ အမမေယ၊ မနှိူင်းယှဉ်အပ်။ဝါစအနေ ္တယ၊ ဝါစ၊ စကားတော်၊ အစိနေ ္တယ၊ မကြံစည်အပ်၊ အမမေယ၊ မနှိူင်းယှဉ်အပ်။ ထိုသို့မကြံစည်အပ်၊ မနှိူင်းယှဉ်အပ်သောအနန ္တရုပ်တော်၊ အနန ္တတန်ခိုးတော်၊ အနန ္တဉာဏ်တော်၊ အနန ္တစကားတော်အပေါင်းတို့နှင့်ပြည့်စုံတော်မူမှသာလျှင် လူအပေါင်းတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော
မှန်သောဘူရားသခင်ဖြစ်တော်မူ၏။
ကျေးဇူးတော်အစုံ၊ ဂုဏ်တော်အနန ္တနှင့်ပြည့်စုံတော်မူသောဘုရားသခင်သည် အဘယ်အချိန်ကာလကစ၌ အဘယ်တိုင်းနိုင်ငံ၊ အဘယ်ဒေသအရပ်တို့တွင် ဖြစ်သနည်းဟုကြံစည်၍မေးဘွယ်ရာမရှိ။ အဘယ်ကြောင့်ဆိုသော် မှန်သောဘုရားသည် လောကီပုဂ္ဂိုလ် မဟုတ်၊ လောကုတ္တရာပုဂ္ဂိုလ်ဖြစ်တော်မူ၏။ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားတို့နှင့်မကင်းသော သင်္ခါရနယ်၊ လောကဘုံအတွင်းမှာ မွေးဘွားခြင်းကိုခံသောပုဂ္ဂုလ်မဟုတ်၊ အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့်အစဉ်ကင်းစင်တော်မူ၍ နိစ္စ၊ သုခ၊ အတ္တနှင့်ပြည့်စုံတော်မူသော လောကုတ္တရာဘုံရှင်၊ လောကုတ္တရာ၏ဘုရင်ဖြစ်တော်မူသောကြောင့်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တနယ်အတွင်းမှာ မွေးဘွားခြင်းကိုခံရသည့် ပညတ် သတ္တဝါဖြစ်ကြကုန်သော လောကီဘုံသားလူအပေါင်းတို့က လောကီဉာဏ်နု၊ မံသစက္ခုပညတ်မျက်စိဖြင့် ကြည့်ရှူ၍မေးဖွယ်ကြံဖွယ်ရာမဟုတ်ချေ။
(တိပိဋကတ်ဝိနိစ ္ဆရကျမ်း၊ မောင်ပန်းရည်၊ ဒု၊ တွဲ၊ နှာ ၁၄-၁၅)
သမ္မာကျမ်းစာလာသည့်အတိုင်း၊ ပရောဖက်ဟေရှာယ “ထာဝရဘုရားးမိန့်တော်မူသည်ကား……..ငါ့ရှေ့မှာဖန်ဆင်းရာထဲ က အဘယ်ဘုရားသခင်မျှမဖြစ်၊ ငါ့နောက်မှာလည်း အဘယ်ဘုရားသခင်မျှမရှိရာ……နေ့ရက်ကာလမဖြစ်မှီ၊ ငါသည်ဘုရားဖြစ်၏ (ဟေရှာ၊ ၄၃း၁၀-၁၃)။ “ငါဖြစ်သည်အတိုင်း ငါဖြစ်၏” (ထွက်၊ ၃း၁၄)။ ငါသည်အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏” (ဗျာဒိတ်၊ ၂၂း၁၃)။
“ထာဝရဘုရားမိန်တော်မူသည်ကား မိုဃ်းကောင်းကင်သည် မြေကြီးထက်သာ၍မြင့်သကဲ့သို့၊ ငါ၏အကျင့်သည်သင်တို့၏အကျင့်ထက်၎င်း၊ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက်၎င်း သာ၍မြင့်၏” (ဟေရှာ၊ ၅၅း၉)။
“သင်သည် ဘုရားသခင်၏ ဇာတိတော်ကို စစ်၍တွေ့နိုင်သလော။ အနန ္တတန်ခိုးရှင်၏ ဇာတိကို အကုန်အစင်နားလည်နိုင်သလော။ မိုဃ်းကောင်းကင်ကိုမှီသည်ဖြစ်၍ သင်သည်အဘယ်သို့ပြုနိုင်သနည်း။ မရဏနိုင်ငံထက် နက်သည်ဖြစ်၍ သင်သည်အဘယ်သို့သိနိုင်သနည်း။ အတိုင်းအရှည်သည်မြေကြီးထက်လွန်၍ သမုဒ္ဒရာထက်သာ၍ကျယ်ဝန်းလျက်ရှိ၏” (ယောဘ၊ ၁၁း၇-၉)
တစ်ရံရောအခါ၊ ယုံကြည်သူခရစ်ယာန်ပညာရှင်တစ်ဦးနှင့် မယုံကြည်သူဘုရားမဲ့ဝါဒီပညာရှင်တစ်ဦးတို့သည် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြ၍ တစ်ဦးနှင့်တစ်ဦး ကူညီယိုင်းပင်းကာ ချစ်ခင်ရင်းနှီးသောမိတ်ဆွေများဖြစ်ကြသည်။ တစ်နေ့သ၌ခရစ်ယာန်မိတ်ဆွေက မိမိအိမ်၌ရှိသောစာကြည့်ခန်းထဲတွင်စကြာဝဠာအတွင်း ဂြိုလ်ကြီးကိုးလုံး၏ လည်ပတ်ပုံကို ပုံစံငယ်ထုတ်ထားသည့်အတိုင်း ပုံဖော်၍ မော်တာကိုအသုံးပြုကာ၊ စကြာဝဠာအတွင်းဂြိုလ်ကြီးလုံးတို့၏ ဂြိုလ်ပတ်လမ်းကြောင်းအသီးသီးတို့၌ လည်ပတ်ပုံကိုတီထွင်ဖန်တီးနိုင်ခဲ့လေသည်။ တစ်နေ့မှာတော့ သူ့ရဲ့မယုံကြည်သူမိတ်ဆွေကို ညစာမိတ်ဆုံစားပွဲလာရောက်ဖို့ ရက်ချိန်ပေးပြီး ဘိတ်ကြားထားပါသည်။ အချိန်တန်သည်ရှိသော်၊ မယုံကြည်သူမိတ်ဆွေရောက်လာပြီး၊ ပြင်ဆင်ထားသောညစာစားပွဲကို နှစ်ဦးသားမြိန်ရည်၊ လျှက်ရည်ဖြင့်သုံးဆောင်ခဲ့ကြသည်။ စားပြီးသည့်အခါတွင် ခရစ်ယာန်မိတ်ဆွေက၊ သူ့ရဲ့မယုံကြည်သူမိတ်ဆွေ၏ လက်ကိုကိုင်ဆွဲလျက်မိမိ၏စာကြည့်ခန်းသို့ခေါ်ဆောင်သွားပါတော့သည်။ မယုံကြည့်သူမိတ်ဆွေသည် ၎င်းစာကြည့်ခန်းထဲသို့ဝင်သွားသည်နှင့် မမျှော်လင့်ဘဲ စကြာဝဠာပုံစံငယ်လေးကို သက်ဝင်လှူပ်ရှားသည့်အလားမြင်လိုက်ရသည်နှင့် ခဏတာမျှကြည့်ရှူပြီး သူရဲ့ခရစ်ယာန်မိတ်ဆွေဘက်သို့လှည့်၌ မေးလိုက်သည်။ ဒါဘယ်ကရလာတာလဲ။ တော်တော့ကိုပီပြင်တာဘဲ။ ဘယ်သူလုပ်တာလဲ။ ခရစ်ယာန်မိတ်ဆွေကလည်း အေးအေးဆေးဆေးဘဲပြန်ဖြေပါတယ်။ “ဘယ်သူမှလုပ်တာမဟုတ်ပါဘူးကွာ။ သူ့ဟာသူဖြစ်လာတာပါ”။ ဒီအဖြေက်ု မယုံကြည်သူမိတ်ဆွေက မကျေနပ်သည့်အတွက် ခရစ်ယာန်မိတ်ဆွေဘက်သို့ လှည့်ပြီးပြောသည်မှာ “ဒီမှာ၊ မင်းငါ့ကိုအရူးအောက်မေ့လို့လား၊ ဒီဂြိုလ်ကိုးလုံးပုံစံငယ်လေးတွေ သူ့ဟာသူဖြစ်လာတယ်လို့၊ ငါယုံမယ်များ မင်းထင်သလား”။ အဒီအခါမှာ ခရစ်ယာန်မိတ်ဆွေက မယုံကြည်သူမိတ်ဆွေ၏ခါးကိုပွေ့ဖက်ပြီး ပြူံးပြုံးရွှင်ရွှင်ဖြင့်ပြောလိုက်သည်မှာ “ဒါပေါ့မိတ်ဆွေ၊ ဒီပုံစံငယ်ပင်လျှင် သူ့ဟာသူမဖြစ်လာနိုင်ဘူးဆိုရင် အဆမတန်ထုကြီး မားပျယ်ဝန်းလှတဲ့ဲဂြိုလ်ကြီးများဟာ ဘယ်လိုလုပ်ပြီး သူ့ဟာသူ့ဖစ်လာနိုင်တော့မှာလဲဗျာ”။ မယုံကြည်သူမိတ်ဆွေက ခေါင်းတငြိမ့်ငြိမ့်နှင့် “ဟုတ်ပေသားဘဲကိုး” ဟုပြောရင်း နှုတ်ဆက်ကာ အိမ်သို့ပြန်လေ၏။

No comments:

Post a Comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....