Tuesday 6 October 2020

ခရစ်ယာန်များအတွက်အမြင်မရှင်းသည့်မေးခွန်များ

မေးခွန်နံပါတ် ၂၈ ။

ဆိုးမိုက်၍ မလိမ္မာသောလူယုတ်မာများကို အဘယ်ကြောင့်ဖန်ဆင်းထားပါသနည်း။ သူ့ဟာသူဆိုးမိုက်လာရသည်ဆိုပါက အနန ္တတန်ခိုးတော်ဖြင့် ပြန်လည်ရုပ်သိမ်းလိုက်သင့်ပါသည်။ အဘယ်ကြောင့် သူဖန်ဆင်းသောလူတွေကိုသူမထိန်းသိမ်းနိုင်သနည်း။ ထာဝရဘုရား၏ တန်ခိုးတော်ကမည်သို့ နည်း။


မေးခွန်းနံပါတ် (၂၈) အဖြေ။


လူသားတို့အား ဖန်ဆင်ရှင်မှပေးသောကြီးမြတ်သည့်ဆုမှာ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဖြစ်ပေသည်။ “အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းကြီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့မှာငါထားသည်ဟု သင့်တဘက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်၏။ သို့ဖြစ်၍ သင်နှင့်သင်၏အမျိုးအနွယ်သည်အသက်ရှင်မည်အကြောင်းနှင့်၎င်း၊ သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ စကားတော်ကိုနားထောင်သဖြင့် အသက်ရှင်ခြင်းအကျိုး၊ သက်တာရှည် ခြင်းအကျိုးကို ပေးတော်မူသောကိုယ်တော်ကိုဆည်းကပ် မှီဝဲမည့်အကြောင်းနှင့် ထာဝရဘုရားသည် သင်၏ ဘိုးဘေးအာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အားကျိန်ဆိုတော်မူသောပြည်၌ နေမည်အကြောင်းနှင့် ယှဉ်သောအသက်တရားကို ရွေးယူလော့ဟု ဣသရေလအမျိုးအား ဟောပြော၏” (တရား၊ ၃၀း၁၉-၂၀)။


အပြစ်သည် ဘုရားသခင်ထံတော်မှလာသည်မဟုတ်။ လူသားတို့က စတင်ကျူးလွန်ခြင်းဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် အဘိုးအခပေးပြီး ဖြေဆေးကိုပေးတော်မူ၏။ ယေရှူ၊က၊ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှခမည်းတော်ထံသို့ မရောက်ရ” (ယော၊ ၁၄း၆)။


သမ္မာကျမ်းစာက “လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့်။ မဆရားသဖြင့် ပြုသောသူတို့ကိုမငြူစူနှင့်။ အကြောင်းမူကား၊ သူတို့သည် မကြာမမြင့်မှီ မြက်ပင်ကဲ့သို့ရိတ်ခြင်းကိုခံရ၍ စိမ်းသောပျိုးပင်ညှိုးနွမ်းသကဲ့သို့ဖြစ်ရလိမ့်မည်” (ဆာ၊ ၃ရး၁။ သု၊ ၂၄း၁၉-၂၀)။


သင်သည်ဆိုးသွမ်းသောသူများအတွက် စိတ်သောကရောက်နေသည်ထက် မိမိကိုယ်မိမိပြန်လည်ဆန်းစစ်ခြင်းက ပို၍အရေးကြီးလှပေသည်။ (၁ယော၊၁း၈)တွင် ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင် ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌သစ္စာတရားမရှိ” ။ အကြောင်းမူကား၊ “ပညတ်တရားအလုံးစုံတို့ကို စောက်ရှောက်သည်တွင် တစ်စုံတစ်ခု၌ မှားမိလျှင် ပညတ်တရားအလုံးစုံတို့ကို လွန်ကျူးသောအပြစ်ရှိ၏” (ယာ၊ ၂း၁၀)။ “သူ့မယားကိုမပြစ်မှားရဟု ပညတ်ထားသည်တွင် ကိလေသာစိတ်ဖြင့် သူ့မယားကိုကြည့်သောသူသည်လည်းသူ့မယားကိုပြစ်မှားသောသူဖြစ်ကြောင်း ယေရှူခရစ်တော်က မိန့်တော်မူသည် (မ၊ ၅း၂၇)။ အပြစ်နှင့်မကင်းသောကျွန်ုပ်တို့လောကသားများအတွက် ခရစ်တော်သည် “ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီ” (၁ပေ၊ ၂း၂၄)။


အိုမိတ်ဆွေ၊ သခင်ယေရှူသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်းကို ကျွနု်ပ်တို့တစ်တွေ ယုံကြည်ကိုးစားကြမည်။ သန့်ရှင်းသောဝိညာဉ်တော်ကိုလည်း ကျွနု်ပ်တို့၏စိတ်နှလုံးထဲသို့ ပင့်ဖိတ်ပူဇော်လိုက်မည်ဆိုလျှင် ကျွုနု်ပ်တို့၏ အသက်တာတစ်ခုလုံးသည် ကိုယ်တော်ရှင်၏အလိုတော်နှင့်အညီ အစဉ်တစ်စိုက်တိုးတက်ကြီးပွားလာမည်ဖြစ် ပြီး ကိုယ်ကာယသည် အပြစ်ကြောင့်အသေဖြစ်သော်လည်းဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်ခြင်း အခွင့်ကိုရရှိမှာဖြစ်သည်။


နိဂုံးချုပ်ပါရစေ။ မိတ်ဆွေခင်ဗျား၊ သခင် ယေရှူသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏ သားတော်ဖြစ် ကြောင်းကို သင်ယုံပြီလား၊ သို့မဟုတ် “သူဟာဘယ်သူလဲ” ဟူ၍ ဒွိဟဖြစ်လျက် တွေဝေနေဆဲဘဲလား။ သင်ဒီလိုတွေ ဝေမည့်အစားတမန်တော်ကြီးရှင်ပေတရုကဲ့သို့ “ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်” ဟု ( မ၊၁၆း၁၆) အပိုင်ပြောနိုင်သည့်နည်းတူ သင်လည်းထိုကဲ့သို့ဆုံးဖြတ်ချက် ချနိုင်သည့်တိုင်အောင်ဆက်လက်လေ့လာဖွေရှာလှည့်ပါ။


မေတ္တာတော်ရှင်သည် သင်၏ပိတ်ထားသောစိတ်နှလုံးတံခါးဝ၌ရပ်လျက်၊ တံခါးခေါက်တော်မူ၏။


ခရစ်တော်ဘုရားက၊ “ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား၍ တံခါး ကိုဖွင့်အံ့။ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစားသောက်ရလိမ့်မည်။ (ဗျာ၊ ၃း၂၀)။


သင်၏စိတ်နှလုံးတံခါးကို ယခင်ကဲ့သိုပ ပိတ်မြဲတိုင်း ပိတ်မထားဘဲ၊ ယခုအချိန်မှစ၍ သခင်ယေရှူခရစ်အားကြိုဆို လက်ခံပါတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါစို့လား။


ဘုရားသခင်၏ချစ်ခြင်းတရားကိုနားလည်ခံစားနိုင်ပါစေသောဝ်..........အာမင်..အာမင်..အာမင်........

ပြီးပါပြီ

1 comment:

  1. Lucky Numbers Casino - Mapyro
    Welcome to Lucky Numbers, the 경기도 출장안마 home for the 여주 출장안마 big wins! We have the largest selection of 김제 출장안마 games 세종특별자치 출장안마 for 여수 출장안마 every type of casino! Lucky Numbers Casino offers a wide

    ReplyDelete

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....