Wednesday 7 October 2020

ခရစ်ယာန်များအတွက်အမြင်မရှင်းသည့်မေးခွန်များ

မေးခွန်နံပါတ် ၁၆ ။

၁၆။ ထာဝရဘုရားသည် ကောင်းကင်နှင့်မြေကြီး၊ ရေ၊ သစ်ပင်၊ တော၊ တောင်၊ လူ ၊တိစ္ဆာန်တို့ကိုဖန်င်းခဲ့သည်ဟုဆိုသည်။ (သို့သော်)ထိုထိုသောသက်ရှိတို့အသက်ရှင်ရေးအတွက် ရူစရာ “လေ” ကိုဖန်ဆင်းခဲ့သည်ဟုကျမ်း၌ မပါရှိပါ။ ထို့ကြောင့် လေကိုဖန်ဆင်းသည်ဟူသော ကျမ်း၏စာ အုပ်စာမျက်နှာအထောက်ထားတို့ဖြင့် ခိုင်ခိုင်လုံလုံသက်သေပြပါ။

မေးခွန်းနံပါတ် (၁၆) အဖြေ။
သမ္မကျမ်းစာတွင် “ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ နက်နဲရာအရပ်ရပ်တို့၌ အလိုတော်ရှိသမျှ တို့ကိုပြုတော်မူ၏ ။ မြေကြီးစွန်းမှမိုဃ်းတိမ်တို့ကို တက်စေတော်မူ၏ ။ မိုဃ်းနှင့်တကွ လျှပ်စစ်ကိုဖန်ဆင်းတော်မူ၏။ ဘဏ္ဍာ တော်တိုက်ထဲက “လေ” ကိုထုတ်တော်မူ၏” (ဆာ၊ ၁၃၅း၆-၇)။
တစ်ဖန်၊ “ထာဝရဘုရားသည် တန်ခိုးတော်အားဖြင့် မြေကြီးကိုဖန်ဆင်းတော်မူပြီ၊ ပညတ်တော်အားဖြင့်လောက ဓာတ်ကိုတည်တော်မူပြီ၊ ဉာဏ်တော်အားဖြင့်မိုဃ်းကာင်းကင်ကို ကြတ်တော်မူပြီ၊ အသံတာ်ကိုလွှတ်တော်မူသောအခါ မိုဃ်း ရေအသံဗလံဖြစ်တတ်၏၊ မြေကြီးစွန်းမှမိုဃ်းတိမ်ကို တက်စေတော်မူ၏။ မိုဃ်းရွာသည်နှင့် လျှပ်စစ်ပြက်စေတော်မူ၏။ “လေ” ကိုလည်း ဘဏ္ဍာတော်တိုက်ထဲက ထုတ်တော်မူ၏”။ (ယေ၊၁၀း၁၂-၁၃)။

No comments:

Post a Comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....