Wednesday 7 October 2020

ခရစ်ယာန်များအတွက်အမြင်မရှင်းသည့်မေးခွန်များ

မေးခွန်နံပါတ် ၁၅ ။

၁၅။ အပြစ်သားကို ကယ်တင်ခြင်းသည် အဆိပ်ပင်ရေလောင်းခြင်းသာဖြစ်တော့၏။ ဥပမာ--သင့်အပေါ်စော်ကားချင်တိုင်း စော်ကားသောသူ၊လူ ယုတ်မာအပြစ်မှလွတ်အောင်ဘုရားသခင်ထံချဉ်းကပ်ဆုတောင်း၍ ဘုရားသခင်သည် (လူယုတ်မာ၏ အပြစ်ကိုခံယူပြီး) ထိုလူယုတ်မာအပြစ်ကိုခွင့်လွတ် ကယ်တင်ခဲ့ပါလျှင်သင်ဘယ်လိုခံစားရမည်နည်း။ အဓိပ္ပါယ် ရှိသ လား၊ ရှင်းပြပါ။ ဥပမာ-- သင်ကိုယ်တိုင်အဆူးကိုတက်နင်းပြီး ဖြစ်ပေါ်လာတဲ့နာကျင်မှုဒဏ်ကို ဘုရားသခင်ခံစားသလား။ သင်ခံစားသလား၊ အဓိပ္ပါယ်ရှိအောင်ဖြေကြားပေးပါ။

မေးခွန်နံပါတ် (၁၅) အဖြေ။
မေးခွန်းရှင်အနေဖြင့်၊ ဘုရားသခင်၏ရွေးနှုတ်ကယ်တင်ခြင်းအမှုတော်မြတ်သည် အပြစ်သားများတွက် လိုအပ်သည် မှန်စေတာ့။ မိမိကဲ့သို့ပြစ်မရှိသောသူအတွက်ကိုမူ၊ လုံးဝမလိုအပ်သောအရာတခုဖြစ်သည်သာမက၊ ၎င်းရွေးနှုတ်ကယ် တင် ခြင်းတရားသည်ပင်လျှင် မိုက်မဲသောလုပ်ဆောင်မှုတစ်ရပ်သာဖြစ်သည်ဟု ရှူမြင်ခံယူထားဟန်ရှိသည်ကို တွေ့ပါသည်။
ထိုကြာင့် သမ္မာကျမ်းစာတွင် “အကြောင်းမူကား၊ ဆုံးရှူံးခြင်းသို့ရောက်သောသူတို့၌လက်ဝါးကပ်တိုင်တော်တရား သည် မိုက်သောတရားဖြစ်၏။ ကယ်တင်ခြင်းသို့ရောက်သောငါတို့၌ ထိုတရားသည် ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏်။ ငါတို့မူကား၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသောခရစ်၏အကြောင်းအရာကို ဟောပြောကြ၏ ။ ထိုအကြောင်းအရာသည်ကား ယုဒအမျိုးသား ထိမိ၍လဲစရာ အကြောင်းဖြစ်၏ ။ တပါးအမျိုးသား၌ကား မိုက်မဲခြင်းဖြစ်၏” ဟုလာသတည်း ။ (၁ကာ၊ ၁း၁၈-၂၃)။
(၁ယော၊၁း၉ ။ ဇ၊ ၂း၈-၉) ကြည့်လေ။
သမ္မာကျမ်းစာက၊ “ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင် ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌သစ္စာတရားမရှိ…. ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကိုမုသာအပြစ်တင်ကြ၏ ။ နှုတ်ကပတ်တော်လည်း ငါတို့၌မရှိ” (၁ယော၊ ၁း၈-၁၀)။
တစ်ဖန်၊….. “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီး” (ရော၊၃း၂၃ ။ဆာ၊၅၁း၅ ။ ဒေ၊ရး၂၀) တို့ကိုကြည့်လေ။ “ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစုံတခု၌ မှားမိလျှင်၊ ပညတ် တရားအလုံးစုံကို လွန်ကျူးသောအပြစ်ရှိ၏” (ယာ၊ ၂း၁၀) ။
(ယေ၊ ၁ရး၉ ။ မ၊ ၅း၂၇-၂၈)ကြည့်လေ။
ပိဋကတ်ကျမ်းက၊ “ပါပသ္မိ၊ ရမတေမနော” ဟုဗုဒ္ဓဘုရားဟောဒေသနာအရ၊ သတ္တဝါတို့၏ စိတ်ဓာတ်သည် မကောင်းမှု၌ အစဉ်ညွတ်ယိမ်းလျက်ရှိသောကြောင့်၊ ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် ပြုသမျှ၊ ပြောသမျှ၊ တွေးကြံသမျှတို့သည် 
ဣသာမစ္ဆရိယ ဒါသ၊ မာန၊ ငါစွဲဆရာစွဲ၊ လူမျိုးစွဲအစရှိသောတဏှာဒိဌိအစွဲတို့ဖြင့်၊ အမြဲဖုံးလွှမ်းအုပ်စိုးခြင်းကို ခံနေရ သည်ဖြစ်၍ယင်းတို့၏ကာယကံ၊ ဝစီကံ၊ မနောကံသည် အကောင်းဖြစ်ဖို့ထက်ဆိုးဖြစ်ဖို့သာ များ၍ပေသည်”။ (လူသေလူဖြစ်ဝါဒါနုဝါဒ၊ ဝိနိစ ္ဆယ (ထေရဝါဒစွယ်စုံကျမ်း၊ နှာ-၄၈၂)။
အထက်ဖော်ပြပါကျမ်းအဆိုအမိန့်များကို ထောက်ရှူသည်ရှိသော်၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့်၊ တမလွန်၌ ယေရှူခရစ်တော်ဘုရား၏ တရားစီရင်ခြင်းကို လူတိုင်းခံယူရမှာဖြစ်သည်။ လောကီသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းမှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိဖို့ရန် ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်မှာ လူဆိုးတို့၏လက် ထဲ၌ အသေသတ်ခြင်းကိုခံယူတာ်မူပြီ။ 
အို….မိတ်ဆွေ၊ ….ကိုယ်တော်ကိုလက်ဝါးကပ်တိုင်ပါ်မှာ ရိုက်ထားပါ၊ ရိုက်ထားပါဟု အော်ဟစ်ကြွေးကြော်နေသော ယုဒလူတို့ကို အပြစ်မတင်ပါနှင့်။ ဒါတွေအားလုံးသင့်အပြစ်အတွက်၊ အကျွန်ုပ်ပြစ်တွက်၊ ကိုယ်တော်သည် လက်ဝါးကပ်တိုင်ပေါ်မှာ ဝေဒနာများစွာ ခံတော်မူရခြင်းဖြစ်သည်။
ထို့ကြောင့် ရှင်ပေါလုက၊ “ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည်ငါတို့အတွက်ကြောင့် အသေခံတော်မူသည် ဖြစ်၍ ဘုရားသခင်သည် ငါတု့ိကိုအဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏” (ရော၊၅း၈)။…..
ကိုယ့်ကုသိုလ်ကြောင့် ကယ်တင်ခြင်းသို့ရောက်သည်မဟုတ်၊ သို့ဖြစ်၍ အဘယ်သူမျှဝါကြွားစရာအခွင့်မရှိ (ဧ၊ ၂း၉)။

No comments:

Post a Comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....