Wednesday 7 October 2020

ခရစ်ယာန်များအတွက်အမြင်မရှင်းသည့်မေးခွန်များ


မေးခွန်နံပါတ် ၁၂။

၁၂။ သာမန်ထူးချွန်သောလူပုဂ္ဂုလ်ပင်လျှင် ထူးချွန်လာဖို့ကြိုးစားဖြတ်သန်းလာခဲ့ရသည့်ခိုင်လုံသော အတ္ထုပ္ပတ္တိသည်ရှိ၏။ ယခုကဲ့သို့တုနှိုင်းမမှီသောဘုရားဂုဏ်နှင့် ပြည့်စုံသူတွင်သူတကာနှင့်မတူ ဘုရားတစ်ဆူဖြစ်ဖို့ ထူးခြားစွာကြိုးစားဖြတ်သန်း ခဲ့ရသော ခိုင်လုံသောအတ္ထုပ္ပတ္တိသည်ရှိသင့်လှပေသည်။ ရှိကဖော်ပြပါ။ အကျိုးတရားတစ်ခုတစ်ခုတိုင်းတွင် အကြောင်းတ ရားမရှိကအကျိုးတရားပေါ်ရိုးထုံးစံရှိပါသလား။ အခိုင်အမာဖြေကြားပးပါ။

မေးခွန်းနံပါတ် (၁၂) အဖြေ။
“ဘုရားနှင့်ကမ္ဘာ၊ ဘုရားနှင့်သတ္တဝါ၊ ဘုရားနှင့်တရား၊ အဘယ်ကဦးပါနည်းဟု ဆင်ခြင်ရန်ရှိ၏။ ဘုရားပြီးမှ ကမ္ဘာ၊ သို့မဟုတ် ကမ္ဘာတည်ပြီးမှဘုရား၊ သတ္တဝါဖြစ်ပြီးမှဘုရား၊ သို့မဟုတ် ဘုရားရှိတော်ပြီးမှသတ္တဝါ၊ ဘုရားကဟောပြီးမှတရား၊ သို့မဟုတ် တရားပျင့်ပြီးမှဘုရား၊ ဤစကားများကိုများစွာဆင်ခြင်စဉ်းစား၍ခွဲထားရမည်။
ပိဋကတ်ပရိတ်ကြီးပါဋိတော်ရတနာသုတ်၍၊ ဝရောဝရညု၊ ဝရဒေါ၊ ဝရဟရော၊ အနတ္တရော၊ ဓမ္မရံအဒေသ ယိဟု ဟောတော်မူသည်။ အနက်ကား၊ ဝရော၊ မြတ်သော၊ ဝရညု၊ မြတ်သောတရားကိုသိတော်မူတတ်သော၊ ဝရဟောရော၊ မြတ်သောစီးပွားကို ဆောင်ရွက်တော်မူတတ်သော၊ ဝရဒေါ၊ မြတ်သောလောကုတ္တရာတရားကိုလည်း ပေးတော်မူ တတ် သော၊ အနုတ္တရော၊ လွန်သောသူမရှိသောမြတ်စွာဘုရားသည် ဓမ္မဝရံ၊ ပရိယတ္တိတရားတော်မြတ်ကို အဒေဿယိ၊ ဟော တော်မူ၏” ဟုလာသောကြောင့်ဘုရားကဟောမှ တရားတော်ရှိကြောင်း၊ ထင်ရှားလေသည်။ ထိုသို့ဖြစ်လျှင် ဘုရားသည် တရားတော်အရင်ရှိနှင့်သတည်း။
သမ္မာကျမ်းစာ၌ ဘုရားသခင်ဟူသော ပုဂ္ဂိုလ်တော်သည် ပကတိအားဖြင့် ဘုရားဖြစ်တာ်မူသောကြောင့် သယမူ္ဘဖြစ်တော်မူ၏။
“ဘုရားသခင်ကလည်း၊ ငါဖြစ်သည်အတိုင်း ငါဖြစ်၏” (ထွက်၊၃း၁၄)။ ပါရမီဖြည့်ကျင့်သောကြောင့်ဖြစ်သော ဘုရားမဟုတ်။ ဘုရားဖြစ်သောကြောင့်ဘုရားဖြစ်၏။
“ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့အဘထံတော်မှ သက်ရောက်သည်ဖြစ်၍ အထက် အရပ်ကလာကြ၏။ ထိုအဘသည် ပြောင်းလဲခြင်းမရှိ၊၊ (ယာ၊၁း၁၇)၌ လာသည့် အတိုင်း မြတ်စွာဘုရားသခင်သည် စုံလင်တော်မူသောအရှင်ဖြစ်၍၊ သာ၍စုံလင်ရန်မလို၊ မစုံလင်သောသတ္တဝါတို့သာစုံလင် အောင်ကျင့်ရ၊ ပါရမီဖြည့်ရလေသည်။
ထိုကျမ်းစကား၌၊ “ပြောင်းလဲခြင်းမရှိ” ဟုလာသောကြောင့် ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်က ဘုရား ဖြစ်၍ နောက်ကမ္ဘာအဆက်ဆက်တွင်လည်း ဘုရားဖြစ်တော်မူ၏။ (ဟေရှာ၊၄၁း၄ ။၁တိ၊၁း၁၇ ။၂ပေ၊၃း၈ ။ဗျာ၊၁၀း၇)တို့ကို ဘတ်လေ)။
မင်္ဂလာရှိတော်မူေသောဘုရားသခင် (၁တိ၊ ၁း၁၁) မင်္ဂလာရှိသောတပါးတည်းသောအရှင်ဖြစ်တော်မူထသော (၁တိ၊ ၆း၁၅-၁၆) လာသည့်အတိုင်း၊ ထာဝရမင်္ဂလာရှိတော်မူသောမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးသည် မင်္ဂလာရှိရန် တရားကိုကျင့်ရသည်။ ပါရမီကိုဖြည့်ရသည်မဟုတ်ချေ။ ဗုဒ္ဓေါဝါဒသင်္ခေပကျမ်းနှင့် ခရစ်ယောဝါဒသင်္ခေပကျမ်းမှ ဒေါက်တာဦးသာထင် (ပြည်) နှာ၊ ၈၉။ 
“မှန်သောဘုရားသခင်၏အဖြစ်ကို ပိဋကတ်သက်သေခံသည့်အတိုင်းပြဆိုရလျှင်၊ “သရံမူ္ဘတံ” ဟူ၍ခေါ်သည်။ သရံ၊ သူမဆိုအလိုလို၊ ဘူတံ၊ ထင်ရှားဖြစ်တော်မူသောဘုရား၊ အဓိပ္ပါယ်ပြန်ဆိုလျှင် အလိုလိုဖြစ်တော်မူသာဘုရား၊ အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့်မကင်းသော တစုံတယောက်၊ လူနတ်ဗြဟ္မာသတ္တဝါတို့က မွေးဖွားသောမစုံလင်၍တရားကျင့်ရသောလူ ဘုရား၊ ဝဋ်ရှိသောလူဘုရားတို့ကဲ့သို့မဟုတ်ချေ။ မှန်သောဘုရား၏အစနှင့်ဘုရား၏အဖြစ်တော်ကိုလူသည် အဘယ်နည်း အားဖြင့်မှ ကြံစည်၍မရနိုင်။ ကြံစည်၍မသိနိုင်။ ဘုရားဇာတိတော်၊ နဂိုရ်တော်ကို၎င်း ဘုရားသခင်ဖန်ဆင်းတော်မူသော လောကဓာတ်ကိုသော်၎င်း၊ ကြံစည်ဘို့ရာမဆိုထားဘိဦး၊ ဘုရားသခင်ဖန်ဆင်း၍ ထားတော်မူသော ပန်းတပွင့်ကို၎င်း၊ ကြက်၊ ငှက်များတို့၏ အမွှေးအတောင်များတို့သည် ဘာကြောင့်တမူထူးခြား၍ရောင်စုံဖြစ်လာပုံကို၎င်း ဆုံးခန်းကုန်စင် အောင် သိနိုင်ဘို့ရာကို ကြံစည်ပါဦး”။
(တိပိဋကတ်ဝိနိစ ္ဆယကျမ်း၊ မောင်ပန်းရည်၊ ဒုပိုင်း။ နှာ-၁၅)။

No comments:

Post a Comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....