Wednesday 7 October 2020

ခရစ်ယာန်များအတွက်အမြင်မရှင်းသည့်မေးခွန်များ

မေးခွန်နံပါတ် ၁၁ ။

၁၁ ။ မွေးခြင်း၊ သေခြင်း၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်း၊ ကြေကွဲခြင်း စသည့်အရာရာတိုင်းသည် ဘုရားသခင်၏အလိုတော်အတိုင်းသာ ပြုရမည်ဟုဆိုပါက သူတစ်ပါး၏ စော်ကားခြင်းခံရသောအမျိုးကောင်းသမီးတစ်ဦး၏ အဖြစ်ဆိုးသည် ဘုရားသခင်၏ အလိုတော်အတိုင်းဟု သဘောသက်ရောက်ဖွယ်ရှိပါသည်။ ဤသို့မှန်ပါက ဘုရားသခင်၏ ဂရုဏာတော်သည် မည်သို့နည်း။

မေးခွန်းနံပါတ် (၁၁) အဖြေ 
သမ္မာကျမ်းစာထဲမှ မိမိမေးလိုသောအကြောင်းအချက်များကို ကျမ်းအမည်၊ အခန်းကြီးဘယ်လောက်၊ အခန်းငယ် ဘယ်လောက်ဟု၍ ဖော်ပြထားမှသာလျှင် အဆိုပါကျမ်းပိုဒ်၏ဆိုလိုရင်းအဓိပ္ပါယ်ကို ခြုံငုံစီစစ်၍ ဆီလျော်သင့်မြတ်သည့် အဖြေကို ထုတ်ဆောင်နိုင်မှာဖြစ်ပါသည်။
ဤမေးခွန်းတံပါတ် (၁၁) တွင် ကျမ်းညွှန်းကျမ်းထောက်မပါဘဲ မိမိကိုဖန်ဆင်းတော်မူသော ဘုရားသခင်အားပြစ် တင်ရှူတ်ချဖို့သာ ဆန္ဒစောနေသည်ဟူ၍ ကောက်ချက်ချရမည်သာဖြစ်သည်။ 
ယေရှူက၊ “မကောင်းသောသူသည် မကောင်းသောဘဏ္ဍာတိုက်ထဲက၊ အကောင်းသောအရာတို့ကို ထုတ်ဖော်တတ်၏” (မ၊ ၁၂း၃၅) ဟုမိန့်တော်မူ၏ ။
တစ်ဖန်၊ တမန်တော်ကြီးရှင်ပေါလုက “အကြောင်းမူကား၊ ထိုသူတို့သည်၊ ဘုရားသခင်ကိုသိလျက်ပင် ဘုရား သခင်ကိုချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊ ကျေးဇူးတော်ကိုလည်းမသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသောစိတ် နှလုံးမိုက်မဲခြင်းသို့ရောက်ကြ၏။ ……ထို့ကြောင့် ဘုရားသခင်သည် သူတို့ကိုသူတို့၏ကိလေသာစိတ်ညစ်ညူးခြင်းလက်သို့ အပ်လိုက်တော်မူ၏” (ရော၊ ၁း၂၁ ။ ၁း၂၄-၂၅)။
ဤမေးခွန်းနံပါတ် (၁၁)တွင်၊ “သူတစ်ပါးစော်ကားခြင်းခံရသောအမျိုးကောင်းသမီးတစ်ဦး၏အဖြစ်ဆိုး” ဆိုသည့် ဥပမာမျိုးကို မေးခွန်းရှင်၏စိတ်ကူးထဲ၌ ပေါ်ပေါက်လာသည်ကိုထောက်ရှူသည်ရှိသော်၊ အထက်ဖော်ပြပါကျမ်းချက်တို့သည်မှန်ကန်ကြောင်းသိသာထင်ရှားလျက်ရှိ၏။
သမ္မကျမ်းစာက “တရားမဲ့ဖြစ်သောအချည်းနှီးစကားကို ရှောင်လော့။ အကြောင်းမူကား၊ ထိုစကားသည်၊ မတရား သောအမှုတို့ကို ပွားများစေလိမ့်မည်။…….မိုက်မဲ၍ ပညာကင်းသော ပုစ္ဆာအမေးတို့သည် ရန်ပွားစေတတ်သည်ဟု သိမှတ်၍ ပယ်ရှားလော့” (၂တိ၊ ၂း၁၆-၁၇။ း၂၃)။
ကြယ်စင်ရွေ့အောင်၊ မစွမ်းဆောင်နိုင်၊ စိမ်းရောင်ရွက်လှ၊ မဆင်သနိုင်၊ မြေမှတောင်ဖျား၊ မကျော်လွှားနိုင်၊ ရေသားကြမ်းပြင်၊ ဆုံးမမြင်နိုင်၊ သို့စင်လျက်နှင့်၊ မာနတက်၍၊ ဖြေခက်လူသား၊ စိတ်ထောင်ထားသည် တရားမရှိ လွန်းတကား။ နှင်းနုနေခြည်၊ မဝေသီနိုင်၊ တစ်လီဆည်းဈာ၊ ညကလျာနှင့်၊ စန္ဒာအလှ။ မဆင်သနိုင်၊ ဘာမျှမပိုင်၊ သင်မနိုင်ပဲ၊ ပိုင်သူခင်၊ ဖန်ဆင်းရှင်ကို တွင်တွင်ပြစ်မှား၊ သံသယပွားသည် ဘုရားမသိလွန်းတကား။

No comments:

Post a Comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....