Wednesday 7 October 2020

ခရစ်ယာန်များအတွက်အမြင်မရှင်းသည့်မေးခွန်များ

မေးခွန်နံပါတ် ၈, ၉ , ၁၀ ။

၈။ ချမ်းသာစေလိုသည်ဟုဆိုပါက ယခုခန္ဓာရှိသူတိုင်းသည် ဆင်းရဲခြင်းအမျိုးမျိုးတွေ့ကြုံနေကြသည်။ ဘုရားသခင်ဖြစ်စေလိုသည့်ချမ်းသာမဖြစ်သည်မှာ အနန ္တတန်ခိုးတော်မရှိ၍ ဘာအစွမ်းမှမရှိ၍ ဖြစ်ရသည်ဟုဆိုက ဘယ်လိုပြန်လည်ဖြေပေးနိုင်ပါသနည်း ။

၉။ လူသားတို့တွေ့ကြုံနေရတဲ့ဒုက္ခဆင်းရဲအမျိုးမျိုးတို့သည်သေချာလေ့လာကြည့်ပါက (ခန္ဓာရှိသူတိုင်း ဒုက္ခမက်ငးကြောင်း သေချာလှပါသည်) ။ ဒါကြောင့်လူသားတို့ကိုဖန်ဆင်းသောထာဝရဘုရားသည် ချမ်းသာပေးသလား၊ ဆင်းရဲပေးလားဆိုတာ ဖြျေပေးပါ။

၁၀။ လူသားတို့ကို မေတ္တာဂရုဏာတော်ဖြင့် ဖန်ဆင်းသည်ဟုဆိုပါက မည်သူတစ်ဦးကမျှ မလိုချင် မတောင့်တ (အိုရခြင်း၊ နာရခြင်း၊ သေရခြင်း) ဒုက္ခဆိုးကြီးကိုပါ ဘာကြောင့်ဖန်ဆင်းခဲ့သနည်း။ ထာဝရဘုရား၏မေတ္တာကိုရှင်းပြပါ။

မေးခွန်နံပါတ် ၈, ၉ , ၁၀ ၊ တို့၏အဓိကဆိုလိုရင်းအဓိပ္ပါယ်ချင်းတူညီပါသဖြင့် တစ်ပေါင်းတည်းဖြေဆိုလိုက်ပါရစေ။

လူ၏အကြောင်းကို စိစစ်ဆင်ခြင်ရာတွင် အဓိကသအချက်ဖြစ်သော လူ၏အစကို သိဖို့ရန် အမှန်ပင်လိုအပ် ပါသည်။ ဥပမာအားဖြင့် ဆေးသိပ္ပံပညာရှင်များတို့၏ဆောင်ရွက်ချက်များထဲတွင် ရောဂါတစ်မျိုးချင်း၏ စတင်ဖြစ်ပွားလာ ခဲ့သည့်အဓိကတရားခံကို ဖော်ခုတ်ပေးလိုက်ခြင်းပင်ဖြစ်သည်။ ရောဂါဖြစ်ပွားလာသည့်အဓိကတရားခံကိုသိမှသာလျှင် တိကျသောကုသမှုကို ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်သည်။ သို့ဖြစ်၍ “အစကွယ်၊ အလယ်မောက်၊ အဆုံးပြယ်သည်” ဟူသောဆိုရိုးစကားသည် ဤနရာတွင် ထည့်သွင်းစဉ်းစားသင့်လှပေသည်။

ပိဋကတ်ကျမ်းလာအရ၊ ရှင်ဂေါတမဗုဒ္ဓက၊ “ရဟန်းတို့ဤသံသရာ၏အစကိုမသိနိုင်၊ အဝိဇ္ဓာဖုန်းကွယ်အပ်ကုန်၊ တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည်ဖြစ်၍ ဤဘဝမှထိုဘဝ၊ ထိုဘဝမှဤဘဝသို့ ပြေးသွားကျင်တည်ကြရသည့်သတ္တဝါတို့၏ရှေးအစွမ်းသည်မထင်နိုင် (မသိနိုင်)။

ရဟန်းတို့၊ ဥပမာသော်ကား၊ ယောက်ျားသည် ဤဇမ္ဓူ ဒိပ်ကျွန်း၌ ရှိသမျှထင်းမြက်သစ်ခက်သစ်ရွက်ကိုဖြတ်၍၊ တပေါင်းတည်းစုရုံးပြီးလျှင် လက်လေးသစ်မျှကျည်းသားလောက်ပြု၍ ဤကားငါ၏အမိ၊ ဤကား ငါ့အမိ၏အမိ စသည်ဖြင့် ချ၍ ရေတွက်သော် ဤဇမ္ဓူဒိပ်ကျွန်း၌ရှိသမျှမြက်ခင်းသစ်ခက်သစ်ရွက်သာကုန်ရာ၏။ ထိုယောက်ျား၏အမိအဆက်ဆက်တို့ကား၊ မကုန်နိုင်ကြရာ” (အနမ-တဂ္ဂသံယုတ်၊ ကိ၊ ဏကဌသု�reaks=true

No comments:

Post a Comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....