Wednesday 7 October 2020

ခရစ်ယာန်များအတွက်အမြင်မရှင်းသည့်မေးခွန်များ

မေးခွန်နံပါတ် ၆ နဲ့ ၇။

၆ နဲ့ ၇။ ထာဝရဘုရားသည် ကမ္ဘာကိုဖန်ဆင်းသည်ဟုဆိုရာတွင် ဘယ်အကျိုးကိုမျှော်ကိုး၍ ဖန်းဆင်းပါသနည်း။

နံပါတ် (၆+၇) အဖြေ ။

ဗျာဒိတ်ကျမ်း ၊ ၄း၁၁ တွင် “အိုထာဝရဘုရား-----ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏ ။ ထိုကြောင့် ကိုယ်တော်သည် ဘုန်းအသရေတော်ကို ခံစားထိုက်တော်မူ၏” ဟု ဖော်ပြပါရှိပါသည်။

ရှင်းပါသည်။ ထာဝရဘုရားသခင်သည် သူဖန်ဆင်းလို၍ ဖန်ဆင်းခြင်းသာဖြစ်ပေသည်။ သူကျေနပ်နှစ်သက်၍ ဖန်ဆင်းခြင်းဖြစ်ပါသည်။ကျွန်တော်တို့လူသားများသည် စကြာဝဠာအနန ္တကိုနှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ ပြဿနာမဟုတ်၊ သူနှစ်သက်မြတ်နိုးသည့်အတွက် သူစိတ်ကြိုက်ဖန်ဆင်းထားခြင်းသာဖြစ်သည်။ အထူးတလည်ဉာဏ်ချဲ့၍ စဉ်းစားစရာကိစ္စမဟုတ်ချေ။ အနန ္တတန်ခိုးရှိင်သည် ကျွန်တော်တို့လူသားများအား ဖန်ဆင်းရာတွင် သူသင့်တော် မည်ထင် သံကဲ့သို့ ဖန်ဆင်းသွားပါသည်။ ယုတ်စွအဆုံး ကျွန်တော့်ကို “မဂ္ဂီး…မင်းဒီကမ္ဘာဘယ်အပိုင်းမှာလူဖြစ်ချင် သလဲဟု မေးပါသလား။ သူခွဲခန့်မှတ်သားရာအရပ်တွင် ကျွန်တော်လူလာဖြစ်ရပါသည်။ “အအေးကြိုက်၍ ပြင်ဦးလွင်တွင်မွေးပါရစေ” ဟူ၍ တောင်းဆိုမရနိုင်ပါ။ ဒူးရင်းသီးကြိုက်၍ “မွန်ပြည်နယ်တွင် လူဖြစ်ပါရစေ” ဟုဆို၍ နေရာရွေးလို့မရပါ။ ဘုရားသခင်သည် သူနှစ်သက်မြတ်နိုးသည့်စိတ်နှင့် သူ၏အလိုဆန္ဒများနှင့် ကိုက်ညီသောဤကမ္ဘာနှင့် စကြာဝဠာကို ဖန်ဆင်းခြင်းပင်ဖြစ်သည်။

ယောဘဝတ္ထု ၊၃၈း၇ တွင် “နံနက်ကြယ်တို့သည် တစ်ညီတစ်ညွတ်တည်းသီချင်းဆို၍ ဘုရားသခင်သားအပေါင်း တို့သညဝမ်းမြောက်သဖြင့် ကြွေးကြော်ကြစဉ်” ဟူသောကျမ်းချက်နှင့် ဟေရှာယ၊ ၄၃း၇ တွင် တွေ့ရသော “ဝေးသောအရပ် မြေကြီးစွန်းမှ ငါ့သား၊ သမီးတည်းဟူသော ငါ့နာမဖြင့်သမုတ်သောသူ၊ ငါ၏ဘုန်းအသရေဖို့ ငါဖန်ဆင်းပြုပြင်၍ ဧကန်စင်စစ် လုပ်ပြီးသောသူအပေါင်းတို့ကို ဆောင်ခဲ့လော့” ဆိုသည့်ကျမ်း ချက်များ၏ အထောက်အထားအရဆိုရသော် ဘုရားသခင်သည်သြကာသကမ္ဘာလောကကို သူပျော်ရွှင်ကျေနပ်စွာဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ သူ၏ဘုန်းအသရေတော်ထင် ရှားစေရန် သူဖန်ဆင်းခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြနေပါသည်။ ထို့အပြင် သမ္မကျမ်းစာကို သေချာစွာဖက်ရှူလေ့လာသောအခါ လူသားအား ဘုရားသခင်သည်ချစ်၏။ နှစ်သက်၏။ အကျွမ်းတဝင်နေလို၏ဆိုသည့်အချက်များပေါ်လွင်လျက်ရှိပါသည်။ ထို့ကြောင့်သူသည် ကမ္မာမြေကြီးပေါ်မှ လူသားများကို ဖန်ဆင်းခြင်းသည် အဓိပ္ပါယ်ရှိပါသည်။ လွတ်လပ်သော အတွေး အခေါ်နှင့် ပေါင်းစည်းမိတ်သဟာယဖွဲ့ လိုသောဘုရားသခင်သည် စက်ရုပ်များ၊ ဉာဏ်မရှိသောဆင်ခြင်တုံတရားမရှိသော အရာများကို မတပ်မက်ချေ။ ထို့ကြောင့်များစွာတန်ဘိုးမြင့်မားသောလူသားတို့သာလျှင် မြင်တွေ့လိုသောကြောင့်အသက် ကိုဖန်ဆင်းလိုက်ခြင်းဖြစ်သည်ဟု ကျွန်တော်တို့မှတ်ယူထားရပါမည်။

ဘုရားသခင်အား မယုံကြည်ခြင်း၊ ဝေဖန်ရှူံ့ချခြင်း၊ ဖျက်ဆီးလိုခြင်း စသည့်အတွေးအခေါ်များနှင့် လုံးချာ လိုက်နေသော ဤကမ္မာပေးတွင် လူသားတဦးအနေနှင့် အမွန်မြတ်ဆုံးအလုပ်သည် ဘုရားသခင်ကိုသိကျွမ်းခြင်း ပင်ဖြစ်ပါသည်။ ဘုရားသခင်၏ သားတော် (သို့မဟုတ်) ဘုရားသခင်၏ကိုယ်စား လူ့လောကသို့သက်ဆင်း၍ ကယ်တင် ခြင်းဆုကျေးဇူးကို ပေးခဲ့သူခရစ်တော်ရှင်ကို အကြွင်းမဲ့လက်ခံယုံကြည်လိုက်ခြင်းပင်ဖြစ်ပါသည်။ ထိုသခင်ကို လက်ခံ လိုက် ခြင်း၊ ယုံကြည်လိုက်ခြင်းသည် ယခုလူသားများ ကြွေးကြော်တိုက်ပွဲဝင်နေကြသော “လွတ်လပ်ခွင့်” အစစ်အမှန်ကို ရရှိရေးအတွက် ပြိုင်ဘက်မရှိသော လမ်းဖြစ်သည်ဟု ဆိုလိုပါသည်။ ကြောက်စရာအကောင်းဆုံးဖြစ်သောမရဏငရ ဲလမ်း နှင့် အပြစ်၏နှောင်းဖွဲ့ မှုဘဝမှလွတ်မြောက်ရန် လမ်းကြောင်းကို ယေရှူခရစ်တော်မှလွဲ၍ မည်သူကမျှမပေးနိုင်ဟုကျွန်တော် ယုံကြည်ပါသည်” ။

ယေရှူက “ထာဝရအသက်ဟူမူကား၊ မှန်သော ဘုရားသခင်တဆူတည်းဖြစ်တာ်မူသော ကိုယ်တော်ကို၎င်း၊ စေ လွတတော်မူသောယေရှူခရစ်ကို၎င်း သိကျွမ်းခြင်းတည်း” (ယော၊ ၁ရး၃)။

No comments:

Post a Comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....