Wednesday 7 October 2020

ခရစ်ယာန်များအတွက်အမြင်မရှင်းသည့်မေးခွန်များ

မေးခွန်နံပါတ် ၂၄ ။
၂၄။ သတ္တဝါတို့ သည် ဘယ်တရား၏သဘောကို ခံယူနေကြပါသနည်း။ အို၊ နာ၊ သေနဲ့ ခန္ဓာ ဒုက္ခအကြောင်း သတ္တဝါလောက၏ ဘုံဘဝတို့ကို ဆင်းရဲကြောင်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ (ပဋိစ္စသမုပ္ပါဒံ) စက်ဝိုင်းကို ဘယ်သူဟောကြားခဲ့ပါသနည်း။
မေးခွန်းနံပါတ် (၂၄) အဖြေ။ 
မေးခွန်းတွင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ (ပဋိစ္စသမုပ္ပါဒ်) စက်ဝိုင်းကို ဘယ်သူဟောကြားခဲ့ပါသနည်း။ အဖြေက၊ အနိစ္စဘုရား၊ ဒုက္ခဘုရား၊ အနတ္တဘုရားက (ပဋိစ္စသမုပ္ပါဒ်) စက်ဝိုင်းကို ဟောကြားတော်မူခဲ့ပါသည်။
ဦးရွှေငုံစဉ်းစားခန်း 
မောင်နော၊ မောင်ပြား၊ မောင်သာလှတို့သည် ဘာသာပြောင်း၍ မင်္ဂလာခံယူသည်ကို ဆရာယုဒသန် အားပါဋိဘာ သာသင်းပေးသော ပရမက်ဆရာ၊ပဋိကတ်တတ်ဦးရွှေငုံသည် တွေ့ရသောအခါ ဤသူတို့သည် သာမန်မျှဖြစ်ကြသော်လည်း ခုသူတို့ပြောင်းရသောဘာသာအတွက် အသက်နှင့်ပင် လဲရသောသူများဖြစ်၏။ ငါလဲ ဆရာယုဒသန်နေ့တိုင်းဆွေးနွေး၊ နေ့တိုင်းစာသင်ပေးနေသဖြင့် ဆရာပြောသမျှစကား များသည်ဟုတ်လှမှန်လှပေ၏။ ဆရာယုဒသန်ရေးသောရွှေချိန်ခွင်စာ ကလေးမှာလဲ ငါသင်ပေးသောပိဋကတ်အတိုင်းပင်ဖြစ်ချေသည်။ ဘုရားနှင့် ဓမ္မတာ၊ ဘုရားနှင့်ကမ္ဘာ၊ ဘုရားနှင့်လူသတ္တဝါ၊ ဤသည်များကို စဉ်းစားသော် ဘုရားကားအကြောင်း၊ ဓမ္မတာ၊ ကမ္ဘာ၊ လူသတ္တဝါက အကျိုးတရား၊ အကြောင်းရှိမှ အကျိုးတရားရှိသည်။ ငါတို့၏အကြောင်းအကျိုးဖော်ပြသော ပဋိစ္စသမုပ္ပါဒ်တရားတွင်လည်း အဝိဇ္ဇာအကြောင်းခံ၍ သင်္ခါရဖြစ်ရသည်။ ဤအဝိဇ္ဇာအကြောင်းကား အဘယ်ကစ၍ အဝိဇ္ဇာဖြစ်ပေါ်လာရသလဲဆို ပြန်သော်၊ အာသဝသမာဒယော၊ အဝိဇ္ဇာသမုဒယော၊ အာသဝသမုဒယော၊ အာသဝေါတရားလေးပါးဖြစ်ခြင်းကြောင်း အဝိဇ္ဇာသမုဒယော၊ အယီဇ္ဇာဖြစ်ပေးလာရခြင်းအကြောင်းသည် ဖြစ်၏။ ထို့ကြောင့် အဝိဇ္ဇာ၏အကြောင်းရင်းကား အာသဝဟုသေသေချာချာချမှတ်အပ်၏။ အဲသည်တော့ကား အဝိဇ္ဇာကိုအကြောင်းရင်းထားရမှာလဲခက်၊ အာသဝကအကြောင်းထားပြန်ရင်လည်းတဏှာပစ္စယာ၊ ဥပါဒနဟု လာပြန်သည်။ ဥပါဒါန်လေးပါးမှာလည်း အာသဝလေးပါးနှင့် သညာသာကွဲ၍ တရားကိုယ်မကွဲပြန်တော့ ပြန်၍ရှူတ်ပြန်သည်။ သို့အတွက် ပဋိစ္စသမုပ္ပါနတရားလည်းခက်၍ မသိကစ၊ မရှိမှာဆုံး၊ အဝိဇ္ဇာမှစ၍၊ ဥမယာသမှာဆုံးသောတရားကြီးပါတကား၊ သြ-ခက်စွ။ ခက်စွဟု တယောက်တည်းညည်းညူလျက်ရှိ၏။

No comments:

Post a Comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....