Friday 3 September 2021

အိတ်ပေါက်နှင့်ဖားကောက်ကြသူများ

ယုံကြည်သူအသက်တာတွင် ကယ်တင်ခြင်းခံရပြီး

 ဘုရားသားဖြစ်သော်လည်း အဆင်မပြေခက်ခဲ

နေသော ဘုရားသားသမီးများစွာရှိပါသည်။ 

ဘုရားသားသမီးဖြစ်ပြီး သူတပါးထံမှအကြွေး

ယူရသောဘဝတွေ၊ သူတပါးရှေ့မှာ ဆင်းရဲမွဲ


တေပြီးဘာပဲလုပ်လုပ်အဆင်မပြေသော ဘဝအသက်တာတွေများစွာရှိပါသည်။

 ဘာကြောင့်ယခုကဲ့သို့ ဖြစ်ပျက် ကြုံတွေ့ရသလဲဆိုတာကို ပြန်လည်ဆင်ခြင်ဖို့လိုအပ်ပါသည်။ (ဟဂ္ဂဲ ၁း၅) ယခုအခါမှာကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ

ဘုရားမိန့်တော်မူသည်ကား၊ ကိုယ်ကျင့်သောအရာအကျင့်တို့ကိုဆင်ခြင်ကြလော့။ ဘုရားသားဖြစ်ပြီးနောက်မည်ကဲ့သို့ အသက်ရှင်ရမည်ဆိုသည်ကိုလေ့လာဆင်ခြင်ပါ။


စစ်သားဖြစ်ပြီဆိုလျှင်ဖြစ်သလိုနေ၍မရပါ။ ဘုရင့်သားသမီးများသည် လည်းနေချင်သလိုနေ၍မရပါ။ စည်းနှင့်ကမ်းနှင့်အိပ်ချိန်ထချိန် လေ့ကျင့်ခန်းလုပ်ချိန် သူ့အစီအစဉ်နှင့်သူရှိပါသည်။ ဘုရင့် သားသမီးများသည် လည်းနေချင်သလိုနေ၍မရပါ၊ သိက္ခာနှင့်ဂုဏ်နှင့်ပြုမူဆက်ဆံသွားလာရပါသည်။ ကျောင်းသား သည်ကျောင်းစာလုပ်ရမှာဖြစ်သည်။ ဘုရားသခင်သည် လူတိုင်းကိုသူ့အငန်းအတာနှင့်သူ သူ့တာဝန်နှင့်သူ ထားပေးပါ သည်။ ဘုရားသားများ၏အသက်တာသည်လည်း ထာဝရအသက်ကယ်တင်ခြင်း ရပြီးသည့်အခါ ပရမ်းပတာနှင့် စည်းမဲ့ကမ်းမဲ့ အသက်တာကိုကုန်ဆုံးသွားဖို့ ဘုရားအလို‌တော်မရှိပါ။ ဘုရားသားသမီးများ မည်ကဲ့သို့အသက်ရှင်ရမည် ဆိုသည်ကို သမ္မာကျမ်းစာထဲမှ သြဝါဒကျမ်းများကိုဖတ်ကြည့်ပါ။

ရောမသြဝါဒကျမ်းမှ ယုဒသြဝါဒစာကျမ်းအထိ ဖတ်ကြည့်ပါက ယုံကြည်သူဘုရားသားများအသင်းတော် ကာလတွင် မည်ကဲ့သို့အသက်ရှင်ရမည်ဆိုသည်ကို ဘုရားသခင် သွန်သင်ညွှန်ပြထားပါသည်။ ဘုရားသခင်ပြင်ဆင်ထားသော ရွှေအိမ်တော်ကိုမဝင်ရခင်လေး၊ ချီဆောင်ခြင်း မခံရခင်လေးမှာ ဘုရားကမည်ကဲ့သို့ အသက်ရှင်စေချင်သလဲ၊ ဘာခိုင်းသလဲဆိုတာကိုသိပြီး မိမိအသက်တာကို ပြင်ဆင်အသက်ရှင်ဖို့လိုပါသည်။

မြန်မာပြည်မှာအဆင်မပြေသဖြင့် မလေးရှားသွားသည်။ မလေးရှားမှာလည်း အဆင်မပြေသောကြောင့် တတိယနိုင်ငံကိုတချို့သွားကြပါသည်။ အမေရိကား၊ သြဇီစသော တတိယနိုင်ငံတစ်ခုခုသို့ ရောက်သွားသော်လည်း အဆင်မပြေကြသူများရှိကြပါသည်။ အလုပ်ကိုမနားမနေလုပ်ကြသော်လည်း အဆင်မပြေကြပါ။ (ဟဂ္ဂဲ ၁း၆) သင်တို့သည် များစွာသောမျိုးစေ့ကိုကြဲသော်လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ဝစွာမစားရကြ။ သောက်ရသော်လည်း ဝစွာမသောက်ရကြ။

အဝတ်ကိုဝတ်ရသော်လည်း နွေးစွာမဝတ်ရကြ။ အလုပ်လုပ်၍ အခကိုခံရသော်လည်း မလုံသော အိတ်ထဲမှာသိုထားကြရ၏ ဟုကျမ်းစာကပြောသည်မှာ မျိုးစေ့ကြဲသော်လည်း အသီးအနှံမရ၊ စားရသော်လည်းမဝ၊ သောက်ရသော်လည်းမဝကြ ဟုပြောပါသည်။ ဝသွားပြီတင်းတိမ်သွားပြီဆိုသော အရသာကိုမခံစားရခြင်းဖြစ်သည်။ တချို့လူများသည် ထမင်းနှင့်မတင်းတိမ်တော့ အရက်သောက်၊ ဘိန်းရှူ၊ လောကပျော်ပါးစရာများ ထပ်ရှာသော်လည်း ဘုရားမပါသောအသက်တာသည် မည်ကဲ့သို့အသက်ရှင်နေထိုင်သည်ဖြစ်ပါစေ တင်းတိမ်ရောင့်ရဲခြင်းရှိမည်မဟုတ်ပါ။

အဝတ်ကိုဝတ်ရသော်လည်း မနွေးဟုကျမ်းစာကပြောပါသည်။ တန်ဖိုးကြီးသော အဝတ်တွေဝယ်နေဝတ်နေသော်လည်း ကျေနပ်သောစိတ်မရှိ၊ နွေးထွေးမှုကိုမခံစားရပါ။ အလုပ်လုပ်၍အခကိုခံရသော်လည်း မလုံသောအိတ်၌ သိုထားကြရ၏ဟု ကျမ်းစာကပြောပါသည်။ အိတ်ကမလုံသောကြောင့် ဘယ်လောက်ထည့်ထည့်ပြည့်မည်မဟုတ်ပါ။

ဘယ်လောက်ရှာရှာ၊
ဘယ်လောက်ပဲသိုထားသိုထား မလုံသောကြောင့် အပေါက်ရှိနေသောကြောင့် ထွက်ကျနေမှာပဲဖြစ်သည်။ ကြိုးစားသော် လည်းအခကိုမရတာ၊ အခကိုရသော်လည်း မလုံလောက်တာမျိုးဖြစ်သည်။ လကုန်သွားသောအခါ ဘဏ်စာရင်းထဲ၌ ဘာမှမကျန်တော့သလို အကြွေးတွေကပတ်လည်ဝိုင်းနေပြီး အမျိုးတွေကပိုက်ဆံလှမ်းတောင်းနေသော အသက်တာမျိုး တွေ့ကြုံရင်ဆိုင်နေရတာ ဘာကြောင့်လဲ။ တနည်းအားဖြင့်ပြောမည်ဆိုလျှင် အိတ်ပေါက်ကြီးနှင့်ဖားကောက်နေသော အသက်တာလိုဖြစ်နေပါသည်။ (ဟဂ္ဂဲ ၁း၇) ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ကိုယ်အကျင့် တို့ကိုဆင်ခြင်ကြလော့ - ဒါရိမင်းကြီးနန်းစံသောနှစ်တွင် ပရောဖက်ဟဂ္ဂဲအားဖြင့်ဣသရေလူမျိုးများကို ဘုရားစကားပြော ခြင်းဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ယခုအချိန်တွင်လည်း သမ္မာကျမ်းစာအားဖြင့် ဘုရားသခင်စကားပြော နေပါသည်။ ကိုယ်ကျင့်သောအကျင့်ကို ဆင်ခြင်ပြီး အသက်တာကိုပြင်ဆင်ဖို့ ဘုရားစကားပြောနေပါသည်။ (ဟဂ္ဂဲ ၁း၁၀) ထို့ကြောင့် သင်တို့အပေါ်မှာ မိုဃ်းခေါင်သဖြင့်နှင်းမကျရ။ မြေသည်လည်းအသီးအနှံကိုမပေးရ - ဘုရားစကားနားမထောင်၊ ဘုရားအလိုအတိုင်းအသက်မရှင်ရင်တော့ သင်လုပ်သမျှအကျိုးရမည်မဟုတ်ပါ။

ကောင်းကြီးမင်္ဂလာ၊ ဝမ်းမြောက်ခြင်း၊ အဆင်ပြေခြင်းများကို သွေ့ခြောက်စေလိမ့်မည်။ ဘုရားနှင့်ဆက်သွယ်မှုမမှန်လျှင် ကောင်းကြီးမင်္ဂလာစီးဆင်းမည် မဟုတ်ပါ။ ဥပမာ - ရေတော့သွယ်ထားပြီး ရေပိုက်မကောင်းဘူးဆိုပါက ကိုယ့်ဆီရေရောက်လာမည်မဟုတ်ပါ။ ဘုရားနှင့် ဆက်သွယ်သည့်အခါ မိတ်သဟာရမမှန်၊ သစ္စာမရှိဘူးဆိုလျှင် ဘုရားသခင်အသက်ရှင်စေလိုသည့်အတိုင်း အသက် မရှင်ဘူးဆိုလျှင် ကျွန်တော်တို့အပေါ်မှာ ကြွယ်ဝသောဘုရားကောင်းကြီးမင်္ဂလာ စီးဆင်းလာနိုင်မည်မဟုတ်ပါ။

ထို့ကြောင့် ကိုယ်ကျင့်သောအကျင့်တို့ကိုဆင်ခြင်လျက် ဘုရားသခင်ထံပြန်လှည့်လာဖို့လိုပါသည်။ ဟဂ္ဂဲအားဖြင့် ဘုရားသခင် သွန်သင်သောအရာကို ဣသရေလလူမျိုးများနားထောင်ပြီး အမိုးနှစ်ထပ်နှင့်သူတို့နေရသောကာလမှာ ဘုရားသခင်၏ အိမ်တော်ကိုပြန်ဆောက်ကြပါသည်။ ဘုရားသခင်ထံနောင်တနှင့်ပြန်လာပြီး ဘုရားသခင်ဖက်သို့ ပြန်လှည့်ကာအသက်ရှင် ကြတာကိုတွေ့ရပါသည်။

ထိုကဲ့သို့ အသက်ရှင်လာကြသောအခါ ဘုရား၏လမ်းပြခြင်း၊ဦး‌ဆောင်ခြင်း၊ကောင်းကြီးပေးခြင်း ကိုပြန်လည်ခံစားကြရပါသည်။ ယနေ့ယုံကြည်သူများ ကိုယ်ကျင့်သောအကျင့်ကိုဆင်ခြင်လျက် အိတ်ပေါက်နှင့် ဖား‌ကောက်ရသောဘဝမဟုတ်ပဲ၊ သူတပါးဆီပိုက်ဆံလိုက်ချေးနေရသောဘဝမျိုးမဟုတ်ပဲ၊ ပိုက်ဆံရှာပြီးစိတ်ဆင်းရဲ နေရသောဘဝမျိုးမဟုတ်ပဲ၊ ကားစုတ်လေးစီးနေရရင်တောင် စက်မချို့ယွင်း ကားမချူချာပဲ စိတ်ချမ်းသာနေရသောဘဝ၊ ငွေများများမဝင်သော်လည်း အိမ်လခလုံလောက်ပြီး စားရသောက်ရပျော်ရွှင်ဝမ်းမြောက်ရသော အသက်တာမျိုး ဘုရားသခင်ဖြစ်စေချင်ပါသည်။

ထို့ကြောင့် ရသမျှ‌လေးနှင့်တင်းတိမ်ရောင့်ရဲပြီး ပျော်ရွှင်ဝမ်းမြောက်နေသော အသက်တာမျိုး အသက်ရှင်နိုင်ဖို့ရန် ထိုအရာကိုလုပ်ပေးနိုင်သော၊ ကောင်းကြီးမင်္ဂလာကိုစီးဆင်းစေနိုင်သော ဘုရားသခင်ထံမျှော်ကြည့်ပြီး ဘုရားနှင့်သွားလာတတ်ဖို့၊ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေပြီး ဘုရား၏နှုတ်ကပတ်တော် သမ္မာတရားနှင့်အညီ အသက်ရှင်လျက် ဘုရားသခင်၏ကောင်းချီးမင်္ဂလာကိုခံယူဖို့ရန် မေတ္တာအားဖြင့်တိုက်တွန်း နှိုးဆော်လိုပါသည်။ အ‌ယောက်စီတိုင်း ဘုရားသခင်ကောင်းကြီးပေးပါစေ။

မေတ္တာဖြင့် - ဆရာ John S Kay

No comments:

Post a Comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....