Wednesday 7 October 2020

ခရစ်ယာန်များအတွက်အမြင်မရှင်းသည့်မေးခွန်များ

မေးခွန်နံပါတ် ၂၂ ။
၂၂။ သိပ္ပံသပ်မှု၏တိုးတက်တွေ့ရှိချက်တွေ ဖြစ်ပေါ်လာတိုင်းထာဝရဘုရား၏ဖန်ဆင်းမူဝါဒတွေကို ငြင်းဆန်သကဲ့သို့သက် ရောက်နေပါသည်။ ထို့ကြောင့် သိပ္ပံပညာက မှားသည်ဟုပြောမလား၊ ဖန်ဆင်းရှင်ဝါဒမှားသည်ဟု ပြောမလား၊ အဓိပ္ပါယ်ရှိ ရှိငြင်းချက်ထုတ်ပြပါ။
မေးခွန်းနံပါတ် (၂၂) အဖြေ။
သမ္မာကျမ်းစာထဲတွင် မည်သည့်ကျမ်း၏ အဆိုအမိန့်သည် သိပ္ပံပညာဆိုင်ရာတွေ့ရှိချက်များနှင့်မတူ၊ ကွဲပြားခြားနား လျက်ရှိကြောင်းကို ကျမ်းအမည်၊ အခန်းကြီး၊ ငယ်၊ မည်၍မည်မျှဟူ၍ ဖော်ပြထားမှသာလျှင် ၎င်းမေးခွန်းနှင့်ဆိုင်ရာအချက် အလက်များကို စိစစ်ပြီး ဆီလျော်သင့်မြတ်နိုင်သည့် အဖြေကိုထုတ်ဆောင်နိုင်မှာဖြစ်ပါသည်။
တစ်နည်းအားဖြင့်၊ ဘာသာရေးဆိုင်ရာကျမ်းအဆို အမိန့်များနှင့် သိပ္ပံပညာဆိုင်ရာတွေ့ရှိချက်များကို နှစ်ဘက်နှစ် လမ်းဖော်ပြထားမှသာလျှင် ကျမ်းလေ့လာဆည်းပူးသူများအတွက် မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ပါသည်။
ဥပမာတင်ပြပေအံ့။ ပိဋကတ်ကျမ်းက၊ “ထိုဘုရားလောင်းယုန်မင်း၊ မျောက်၊ မြေခွေး၊ ဖျံ သတ္တဝါသုံးဦးနှင့်တကွ အလှူပေးမည်နေစဉ်၊ ပုဏ္ဏားအသွင်ဖြင့် သိကြားမင်းအလှူခံလာသော်၊ ယုန်မင်းမီးဖိုသို့ဆင်း၍ ကိုယ်ကိုစွန့်လှူသည်။ သိကြားမင်းအာနုဘော်ကြောင့် မီးမပူ၊ သိကြားမင်းသည် ကမ္ဘာပတ်လုံးကျေးဇူးထင်ရှားစေဟု တောင်တစ်ခု အဆီညှစ်၍ တောင်ဆီဖြင့်လတွင်ယုန်ရုပ်ရေးပြသည်ကို စတုက္ကနိပါတ်သသပဏ္ဍိတ ဇာတ်တွင်ဆို၏။
(ငါးရာ့ငါးဆယ်သိမှတ်ဘွယ်ရာ၊ နှာ ၁၉၀၊ ဦး အေးချိုမဟာ ဝိဇ္ဇာ)
သိပ္ပံပညာဆိုင်ရာအဆိုအမိန့်ကို တင်ပြပေအံ့။ သမျက်နှာပြင်ပေါ်မှာ မြင်ရသောအမည်းရောင်ပုံရိပ်များတို့သည် ယုန်ရုပ်ကိုတောင်ဆီဖြင့် ပန်းချီရေးဆွဲထားခြင်းမဟုတ်ချေ။ လပေါ်မှာရှိသောချောက်ကမ်းပါး၊ ချိုင့်ဝှမ်းများတို့၏မှောင်ရိပ် မည်းများသာဖြစ်သည်ဟု သိပ္ပံပညာဆိုင်တွေ့ရှိချက်များ၌ ဖော်ပြထားပါသည်။ တစ်ဖန်၊ ဤကမ္ဘာမြေကြီးသည်ဘောလုံး၊ လိမ္မော်သီးများကဲ့သို့ အလုံးမဟုတ်၊ တပါးသော လောကဓာတ်တို့နှင့် ကမ္ဘာမြေပြင်ကြီး၊ ကမ္ဘာရေပြင်ကြီး၊ လေပြင်ကြီးတို့ သည် တဆက်တည်း၊ တခုတည်း၊ တပြင်တည်း တည်ရှိကြကုန်သည်ဟု အမှန်မုချသိအပ်လှ၏။ ဤကမ္ဘာမြေကြီးသည် နေ၊ လ၊ နက္ခတ်တာရာတို့ကဲ့သို့ ကောင်းကင်၌တည်သည်လည်းမဟုတ်၊ လှည့်လည်ရွေ့ရှားသွားလာသည်လည်းမဟုတ်၊ ကမ္ဘာရေပြင်ကြီး အပေါ်၌ အမြဲတည်နေသည်ဟု အမှန်မုချသိအပ်လှ၏။
နေသည်မြင့်မိုရ်တောင်ကြီးကို အစဉ်အမြဲလှည့်လည်၍နေသည်အတွက်ကြောင့် လေးကျွန်းလုံးတို့၌ နေ့အခါ၊ ညဉ့်အခါဟူ၍ ခြားနားချက်ရှိသည်ကျု အမှန်သိအပ်၏။ ညဉ့်မှောင်သည် အဘယ်မှာဖြစ်သနည်းဆိုသော် နေရောင် ကိုကွယ် ကာနိုင်သောမြင့်မိုရ်တောင်ကြီးမှဖြစ်၏။ မြင့်မိုရ်တောင်ရိပ်ကြီးပင်တည်းဟုအမှန်အားဖြင့် သိအပ်၏။ ဤကား နေသည်မြင့်မိုရ်တောင်ကြီးကို အမြဲလှည့်လည်၍နေရာ၌ ပါဋိသက်သေ၊ယုတ္တိသက်သေများပေတည်း။ (သာသနာဝိသောဓနီကျမ်း၊ နှာ၊ ၁၆၁-၁၇၀။ လယ်ဒီဆရာတာ်ဘုရားကြီး)
နေနှင့်ကမ္ဘာမြေကြီးတို့၏ လည်ပတ်ပုံကို မူလတန်းအဆင့်ကစ၍ သိပ္ပံဖတ်စာ၌ သင်ကြားခဲ့ရပြီဖြစ်သဖြင့် အထူး ဖော်ပြရန် လိုမည်မထင်။

No comments:

Post a Comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....