Wednesday 7 October 2020

ခရစ်ယာန်များအတွက်အမြင်မရှင်းသည့်မေးခွန်များ

မေးခွန်နံပါတ် ၂၁ ။
၂၁။ ထာဝရဘုရားဖန်ဆင်းသည်မှာ တစ်ကမ္ဘာဘဲဟု သိရပါသည်။ သို့သော် စကြာဝဠာအနန ္တဟူ၍မရေမတွက်နိုင်သော ဂြိုလ်အမျိုးမျိုး၊ ကမ္ဘာအမျိုးမျိုးရှိနေကြောင်း သိပ္ပံစမ်းသပ်မှုတွေ၌ ဖော်ပြနေကြသည်ကို အဘယ်သို့ဖြေရှင်းမည်နည်း။
မေးခွန်းနံပါတ်(၂၁) အဖြေ။ 
အထက်ပါမေးခွန်းနံပါတ်(၂၀) အဖြေထဲမှာ ဖော်ပြထားသော “ကောလောသဲ၊ ၁း၁၆” ကျမ်းပိုဒ်တစ်ပိုဒ်တည်းဖြင့် ပင် ဤမေးခွန်းနံပါတ်(၂၁) အတွက်အဖြေက၊ လုံလောက်နေပြီဖြစ်သည်။
သို့သော်လည်း ထပ်လောင်း၍ဖြေကြားရဦးမည်ဆိုလျှင်(ဆာလံ၁၉း၁ )က “မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုကြားပြော၍ မိုဃ်းမျက်နှာကျက်သည် လက်တော်နှင့်လုပ် သောအရာများကိုပြသ၏” ။ တစ်ဖန်၊ (ဆာလံ ၃၃း၆) က “ထာဝရဘုရား၏ နှုတ်ကပတ်တော် အားဖြင့် မိုဃ်းကောင်းကင်ကို၎င်း၊ နှုတ်တော်အသက်အားဖြင့် မိုဃ်းကောင်းကင်တန်ဆာများကို၎င်း၊ ဖန်ဆင်းတော်မူ၏” ။ တစ်ဖန်၊ “လောကဓာတ်တို့သည် ဘုရားသခင်၏အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည်ယုံကြည်ခြင်း အားဖြင့် သိကြ၏” (ဟေဗြဲ၊ ၁၁း၃။ ယေ၊ ၁၀း၁၂)။
ဥပမာအားဖြင့်၊ မျက်မမြင်ခုနှစ်ဖော်ဝတ္ထုတွင် မျက်မမြင်များဖြစ်ကြသည့်အလျောက် ဆင်တစ်ကောင်လုံး၏ အ ဆင်းသဏ္ဍာန်ကို ရုပ်လုံး မဖော်နိုင်ကြပေ။ နားရွက်ကိုစမ်းမိသောသူက၊ ဆင်သည်ယပ်တော်နှင့် တူကြောင်း၊ ဤမျက်မမြင် များလည်းအစွယ်ကိုစမ်းမိသူကလှံ၊ ဘေးကိုစမ်းမိသူက နံရံ၊ ဖြေကိုစမ်းမိသူက တိုင်ဟူ၍အသီးသီးစမ်းမိသည့်အတိုင်း ဆင်၏သဏ္ဍာန်ကို တစ်လွဲကောက်ချက်ချခဲ့ကြပါသည်။
အထက်ဖော်ပြပါကျမ်းပိုဒ်များတွင် “မိုဃ်းမျက်နှာကျက်” ၊ “မိုဃ်းကောင်းကင်တန်ဆာများ” ၊ “လောကဓာတ်တို့ သည်” အစရှိသည်ဟုဆိုရာတွင် ခပ်သိမ်းသောစကြာဝဠာနှင့်လည်း အကျွမ်းဝင်လျက်ရှိကြောင်း သိမှတ်ရမည်ဖြစ်သည်။ ဉာဏ်မျက်စိကွယ်သောသူအဖို့ တစ်ကမ္ဘာဘဲဖန်ဆင်းတော်မူသည်ဟုဆိုတတ်၏။
ယေရှူက၊ “ငါသည်ဤလောက၏အလင်းဖြစ်၏ ။ ငါ့နောက်သို့လိုက်သောသူသည် မှောက်မိုက်၌မသွားမလာ၊ အသက်၏အလင်းကို ရလိမ့်မည်ဟု မိန့်တာ်မး၏”။ (ယော၊ ၈း၁၂)။
“မယုံကြည်သောသူတို့ကား၊ ဘုရားသခင်၏ပုံဏ္ဍာန်တော်တည်းဟုသော ခရစ်တော်၏ဘုန်းအသရေနှင့် ပြည့်စုံသောဧဝံဂေလိတရား၏ အရောင်သည် အလင်းကိုမပေးစေခြင်းငှာ၊ ဤလောကကိုအစိုးရသောဘုရားသည် သူတို့၏ ဉာဏ်မျက်စိကိုကွယ်စေ၏” (၂ကော၊ ၄း၄)။
ယေရှူက၊ “မျက်စိကား ကိုယ်၏ဆီမီးဖြစ်၏။ ထိုကြောင့် မျက်စိကြည်လင်လျှင် တကိုယ်လုံးလင်းလိမ့်မည်။ မျက်စိမြှေးရှက်လျှင် တကိုယ်လုံးမိုက်လိမ့်မည်။ သင်၏အလင်းသော်ကား၊ မှောက်မိုက်ဖြစ်လျှင် ထိုအမိုက်သည် အလွန်မိုက်စွတကား” (မ၊ ၆း၂၂-၂၃)။

No comments:

Post a Comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....