Wednesday 7 October 2020

ခရစ်ယာန်များအတွက်အမြင်မရှင်းသည့်မေးခွန်များ

မေးခွန်နံပါတ် ၂၅ ။
၂၅။ ဓမ္မဟောင်းကို မည်သူဟော၍၊ ဓမ္မသစ်ကို မည်သူဟောပြောပါသနည်း။ ၎င်းပုဂ္ဂိုလ်နှစ်ဦးး၏ ဟောပြောချက် အဘယ် ကြောင့် ဆန့်ကျင်နေပါသနည်း။
မေးခွန်းနံပါတ်(၂၅) အဖြေ။
တမန်တော်ကြီးရှင်ပေါလုက “ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်း တော်မူသော အားဖြင့်ဖြစ်ကြောင်း ( ၂တိ၊ ၃း၁၆) နှင့် တမန်တော်ကြီးရှင်ပေတရုက ထပ်လောင်း၍ သက်သေခံရာတွင် “အနာဂတ္တိ စကားသည်လူအလိုအားဖြင့်ဘူးသည်မဟုတ်၊ ဘုရားသခင်၏သန့်ရှင်းသောသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူဖြင်းကိုခံရ၍ ဟောပြောကြကြောင်း (၂ပေ၊၁း၂၁) နှင့် “သူတ့ိုထဲ၌ရှိသော ခရစ်တာ်၏ဝိညာဉ်” က ညွှန်ပြသည့်အတိုင်း၊ မိမိတို့ခံယူ၍ သက်သေခံဟောပြောကြ၏ (၁ပေ၊ ၁း၁)။
(၁သက်၊ ၂း၁၃) ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းတို့သည် ဆန့်ကျင်ဘက်မဖြစ်ကြကြောင်းကို ခရစ်တော် ဘုရားကိုယ်တော်တိုင် မိန့်ဆိုထားသည်မှာ “ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကိုဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင် ကြနှင့်၊ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်၊ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။ ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီး မပျက်စီးမှီတိုင်အောင်၊ ပညတ္တိကျမ်း၌အငယ်ဆုံးသောစာလုံးဗိန္ဓုတလုံးမျှပြည့်စုံခြင်းသို့မရောက်မှီ မပျက်စီးရ” (မ၊ ၅း၁၇-၁၈)။
“သမ္မာကျမ်းစာသည် အဘယ်ကြောင့် တမူထူးကဲသောစာအုပ်တစ်အုပ်ဖြစ်သနည်း”။ 
သမ္မာကျမ်စာသည် ဘုရားသခင်နှင့်လူသားတို့ပေါင်းစပ်ဖွဲ့ဆိုခဲ့သောကြောင့် တမူထူးကဲသောစာအုပ်တစ်အုပ် ဖြစ်သည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် သမ္မာကျမ်းစာဆိုသည့်စာအုပ်တစ်အုပ်အတွက် ရေးသားခဲ့ရသောနှစ် ပေါင်းသည် အနည်းဆုံးနှစ်ပေါင်း “တစ်ထောင့်ငါးရာ” ကြာမြင့်ခဲ့သောကြောင့်ဖြစ်ပါသည်။ ထိုနှစ်ပေါင်း(၁၅၀၀)အတွင်းတွင် ပါဝင်ရေးသားသူစာရေးဆရာအယောက်ပေါင်းလေးဆယ်ခန့်ရှိသည်။ ထိုအထဲတွင် စာရေးဆရာနှစ်ဦးခန့်သာ ခေတ်ပြိုင်လူ သားများဖြစ်ခဲ့ပြီး ကျန်လူများသည် တစ်ဦးနှင့်တစ်ဦး မည်သူမည်ဝါမှန်းမသိခဲ့ကြပေ။ သိခွင့်လည်းမကြုံခဲ့ကြပေ။ ထိုသူတို့စု ပေါင်းရေးသားလိုက်သောသက်တမ်းနှစ်ပေါင်း(၁၅၀၀) ရှည်လျားသော အချိန်ကာလ၏နောက်ပိုင်းတွင် ပေါ်ထွက်လာ ခဲ့သော ဤသမ္မာကျမ်းစာအုပ်သည် ရင်သပ်ရှူမောဘွယ်ရာကောင်းလောက်အောင် မှားယွင်းတိမ်းချော်မှုအလျင်းမရှိ၊ ပကတိ ညှိနှိုင်းရေးသားထားသကဲ့သို့ ညီညွတ်နေသည်ကိုတွေ့ကြရသည်။
သမ္မာကျမ်းစာအုပ်သည် ဘုရားသခင်၏စာအုပ်ဖြစ်သည်ဟုဆိုနိုင်သောထင်ရှားသည့်အမှတ်အသားတစ်ခုကို လည်းတွေ့မြင်နိုင်ပါသည်။ သမ္မာကျမ်းစာအုပ်တွင် အကြိမ်ပေါင်း(၂၅၀၀)တိတိတွေ့မြင်ရသော “ထာဝရဘုရားမိန့်တော် မူသည်ကား” ဟုအစချီထားသောနှုတ်ထွက်စကားများနှင့် အမိန့်များကိုတွေ့မြင်ရသောကြောင့်ဖြစ်သည်။ ဟုတ်ပေသည်။ သမ္မာကျမ်းစာဆိုသည်မှာ ဘုရားသခင်ထံမှ လူသားများဆီသို့ အသက်ဆက်ပေးထားသောစာအုပ်ဖြစ်ပေသည်။ (ကမ္ဘာဦးကျမ်းမှ ဒေါက်တာ ဂျေ၊ ဝါးနန် မဂ္ဂီး၊ နှာ ၇- ၉)။

1 comment:

  1. အရမ်ကိုကောင်ဘာတယ်..perfect လို့ဘဲပြောဘာရစေ..
    ကျွန်တော်လည်းဘာသာရေးblog..တခုတည်ဆောက်နေဘာတယ်..
    ယခုတင်ထားတဲ့အမေးအဖြေတွေအားလုံကိုယူဆောင်သွာဘာပြီ

    ReplyDelete

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....