Tuesday 6 October 2020

ခရစ်ယာန်များအတွက်အမြင်မရှင်းသည့်မေးခွန်များ

မေးခွန်နံပါတ် ၄။

ခရစ်ယာန်ဘာသာဝင်တွင် ရှေ့ဘဝ နောက်ဘဝရှိပါသလား။

နံပါတ် (၄) အဖြေ။
ဒေသနာကျမ်း၊ ၁၂း ၇ ထိုကာလ၌ မြေမှူန့် သည်နေရင်းမြေသို့၎င်း၊ ဝိညာဉ်သည်အရင်ပေးတော် မူသောဘုရားသခင်ထံသို့၎င်း ပြန်သွားရလိမ့်မည်။ 
ဘုရားသခင်သည် အာဒံအား ဝိညာဉ်နှင့်ခန္ဓာပြည့်စုံသော၊ အသက်ရှင်သောတဦးအဖြစ် ဖန်ဆင်းခဲ့ပါသည်။ သို့သော် လောကထဲသို့အပြစ်၏ရလဒ်ဖြစ်သော သေခြင်းတရားဝင်ရောက်လာခဲ့သောအခါ၌ လူ၏ရုပ်ပိုင်းနှင့်ဆိုင်သော ကိုယ်ခန္ဓာသည် သေဆုံးပြီးနောက် မြေမှူန့်အဖြစ်သို့ပြန်ရောက်သွားပြီး၊ နံပိုင်းနှင့်ဆိုင် သော ဝိညာဉ်သည်အရင်ပေးတော်မူသောဘုရားသခင်ထံသို့ပြန်သွားပေသည်။ တစ်ဖန်၊ ဟေဗြဲ သြဝါဒစာ၊ ၉း ၂၇ တွင် “လူသည် တခါတည်းသေ၍ ထိုနောက်မှ (ဘူရားသခင်၏) တရားစီရင်တော်မူခြင်းကိုခံရသည်” ။ 
ဗျာဒိတ်ကျမ်း၊၂၀း ၁၂-၁၅ တွင် “သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကိုငါမြင်၏။ စာစောင်များကိုဖွင့်ထား၏။ အသက်စာစောင်တည်းဟူသောအခြားတပါးသောစာ စောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့ အကျင့်အတိုင်း စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။……. လူအသီးသီးတို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကိုခံရကြ၏ ။…….အသက်စာစောင်၌ စာရင်းမဝင်သောသူရှိသမျှ တို့ကိုလည်း မီးအိုင်ထဲသို့ ပစ်ချလေ၏ ။ 
ဗျာဒိတ်ကျမ်း၊ ၂၀း၁၀။ …….ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ချပစ်လျှင်၊ သူတို့သည် နေ့ညဉ့် မပြတ်ကမ္ဘာအဆက်ဆက်ပြင်းစွာသောဝေဒနာကို ခံရကြလတံ့။ အသက်စာစောင်၌ စာရင်းဝင်သောသူတို့ အတွက် “ကောင်းကင်မှကြီးသောအသံကား ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏ ။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့ နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန်သေဘေးမရှိရ၊ စိတ်မသာညည်းတွားခြင်းအော်ဟစ်ခြင်း၊ ပင်ပန်းခြင်း လည်း မ ရှိရ ။ အကြောင်းမူကားရှေးဖြစ်ဘူးသောအရာတို့သည် ရွေ့သွားကြပြီ (ဗျာ၊ ၂၁း၃-၄)။ နောက်တဖန်ကျိန်ခြင်းဘေးတစုံတခုမျှမရှိ။ ထိုမြို့၌ဘုရားသခင်နှင့်သိုးသငယ်၏ ပလ္လင်တော်ရှိ၍ ဘုရားသခင်၏ ကျွန်တို့သည်ဘုရားဝတ်ကိုပြုကြလိမ့်မည်။ မျက်နှာတော်ကိုမြင်ရ၍ သူတို့နဖူး၌လည်း နာမတော်ရေးထားလျက်ရှိလိမ့်မည်။ ထိုမြို့၌ ညဉ့်မရှိရ။ ဆီမီးကိုအလိုမရှိ၊ နေ၏အရောင်ကိုလည်းအလိုမရှိ၊ အကြောင်းမူကား ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ ရောင်ခြည်တော်ကိုလွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့” ( ဗျာ၊ ၂၂း၃-၅)။

No comments:

Post a Comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....