Sunday 19 September 2021

အဖော်မဲ့ခြင်း၊ အထီးကျန်ခြင်း (Loneliness)

 ယနေ့ည အဖော်မဲ့ အထီးကျန်ခြင်း အကြောင်း ပြောချင်ပါသည်။

ရှင်ယောဟန် ခရစ်ဝင် အခန်း(၅)ကို ဖွင့်၍ အငယ် ၁ မှ ၉ သို့ 

ဖတ်စေချင်ပါသည်။ ဖတ်ပြသည်ထက် ပြောပြချင်ပါသည်။

ခြေလက်သေနေသူ လူတစ်ယောက်အကြောင်း ဖြစ်သည်။ 

ထိုနေ့နံနက် ရေကန်ထဲသို့ ဦးစွာဆင်းနိုင်ပါက သူ့ရောဂါ

ပျောက်မည်ဟု အထင်ရှိပြီး၊ ထိုကန်နံဘေး၌ စောင့်နေသည် 

မှာ (၃၈)နှစ်ကြာ ရှိခဲ့ပြီး၊ ရောဂါပျောက်ဖို့အတွက် ရေကန်ထဲ

ရောက်နိုင်ဖို့ ကြိုးစားလျက် နေသည်။ သို့ရာတွင် ကူညီမည့်သူတစ်ယောက်မျှ မရှိသောကြောင့် ကန်ထဲ မဆင်းနိုင်ခဲ့ "ပါ။ သူသည် ကူမမည့်သူ မရှိသော အထီးကျန်သမားတစ်ဦး ဖြစ်သည်။ စဉ်းစားကြည့် ပါ။ (၃၈)နှစ်လုံးလုံး ခြေလက်သေနေပြီး၊ မည်သူမျှ သူ့ကို

အဖော်မလုပ်ပါ။ မည်သူမျှ သူ့ကို မကူညီပါ။

ယခုနှစ် နာမည်အကြီးဆုံး ရုပ်ရှင်အချို့သည် ဤအကြောင်းအရာမျိုး ဖြစ်သည်။ “Only the Lonely”, “Home Alone” စသည်တို့အပြင် အခြားရုပ်ရှင်များ ရှိကြသေး သည်။

ဤနေရာတွင် ဤညနေ၌ လူသောင်းပေါင်းများစွာရှိပါသည်။ အကယ်၍ တစ်ဦးချင်း စီ၏နံဘေး၌ လိုက်ထိုင်ပြီး၊ “အဖော်မဲ့နေလားခင်ဗျာ” ဟု လိုက်မေးလျှင်၊ “ဟုတ်ကဲ့” ဟု ဖြေကြပါလိမ့်မည်။ ဤမျှ ကြီးမားသည့်လူအုပ်ကြီးထဲ ရှိနေလျက်ပင်၊ အဖော်မဲ့မှုကို ခံစားရနိုင်ပါသည်။ အိမ်ပြန်သွားသည့်အခါတွင်လည်း အဖော်မဲ့ခြင်းက သင်နှင့်ကပ်ပါ သွားပါမည်။ လူအများကြီး ရှိနေလျှင်ပင်၊ သင်မိသားစု ရှိနေလျှင်ပင် အဖော်မဲ့မှုကို ခံစား ရနိုင်ပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင်မရှိသော အဖော်မဲ့မှုကို ခံစားနေရ၍ ဖြစ်သည်။ သင့်ကို ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားပါ သည်။ ဘုရားသခင်နှင့်မိဿဟာယဖွဲ့ရန် ဖန်ဆင်းထားသည်။ စိတ်ရောဂါကုဆရာဝန်များ က အလွန်ကြီးကျယ်အရေးပါသော အထီးကျန် အဖော်မဲ့မှုရောဂါ လူတွေ့၌ရှိသည်ဟု ပြော ပြပါသည်။

ယခုနှစ် နွေရာသီအစောပိုင်း၊ စကော့တလန်နိုင်ငံ ဂလတ်စ်ကို Glasgow မြို့၌ ကျင်း ပသော တရားဟောပွဲတွင် လူတို့၏ဝေဒနာအမျိုးမျိုးနှင့်ပတ်သက်သော ညီလာခံတစ်ခုကျင်းပခဲ့ပါသည်။ ကမ္ဘာပေါ်၌ လူသိများသော စိတ်ရောဂါကုဆရာဝန်၏အဓိကမိန့်ခွန်း၌ ယနေ့ လူသားတို့ကို အနာကျင်ဆုံး ဖြစ်စေသော အရာမှာ အဖော်မဲ့ခြင်း ဟု ပါရှိသည်။

စကော့တလန်ကဲ့သို့ သေးငယ်သောနိုင်ငံ၌ လူငါးသန်းမျှသာ ရှိပါသည်။ နာမည် အကြီးဆုံး၊ စိတ်ရောဂါကုဆရာဝန်တစ်ပါးက လူတို့၏အထီးကျန်မှုဝေဒနာကို ပြေပျောက်

အောင် ကူညီဖို့ အဖွဲ့အစည်းပေါင်း (၃၀)ရှိသည်ဟု ပြောပါသည်။ စဉ်းစားကြည့်ပါ။ စကော့ တလန်လို သေးငယ်သောတိုင်းပြည်တွင် လူဦးရေသည် နယူးဂျာစီပြည်နယ်မြောက်ပိုင်း တွင် နေသောလူအရေအတွက်မျှပင် မရှိဘဲ၊ အထီးကျန်ဆန်မှုကို ကုစားရန် အဖွဲ့အစည်း ပေါင်း သုံးဆယ် ရှိနေရပါသည်။

လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်က Elvis Presley ၏ဘဝအကြောင်း ရိုက် ကူးထားသော ရုပ်ရှင်တစ်ကား ကြည့်ရပါသည်။ Presley သည် နံရံကို စူးစူးစိုက်စိုက် ကြည့်လေ့ရှိသည်။ တစ်ခါတရံ ဝက်ဝံရုပ်ကလေးကို ဖက်ထားပါသည်။ သူသည် အဖော်မဲ့ လှသည်။ ငွေကြေး၊ ကျော်ကြားမှု၊ အရည်အချင်း စသည်တို့ကို ပိုင်ဆိုင်သော်လည်း အဖော်မဲ့နေပါသေးသည်။

ဟောလီးဝုဒ်ကို သွားကြည့်ပါ။ ကျွန်ုပ်သည် ထိုနေရာသို့ အကြိမ်ပေါင်းများစွာ သွားဖို့ အခါအခွင့် ရရှိခဲ့ပါသည်။ ထိုနေရာ၌ရှိသော နာမည်ကျော်များစွာတို့လည်း သိခွင့် - ရရှိခဲ့ပါသည်။ ၄င်းတို့ ထက် အထီးကျန်သောသူများကို သင်တွေ့ဖူးမည် မဟုတ်ပေ။

The Associated Press အစီရင်ခံသည်မှာ ဤနွေရာသီ၌ ကျင်းပသည့် စိတ်ရောဂါ ) ကု ဆရာဝန်များညီလာခံမှ တွေ့ရှိချက်အရ၊ အမေရိကန်လူမျိုးများ ရင်ဆိုင်နေရသည့် နံပါတ်တစ်ပြဿနာမှာ အဖော်မဲ့အထီးကျန်မှု ဖြစ်၏။ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်း ၏အကြီးမားဆုံးပြဿနာများထဲက တစ်ခုကား အဖော်မဲ့ အထီးကျန်မှု ဖြစ်သည်။ ခေတ်မှီ မြို့ကြီးတစ်မြို့သည် အထီးကျန်သောနေရာတစ်နေရာဖြစ်နေပါသည်။ နယူးယောက်မြို့မှ စိတ်ရောဂါကုဆရာဝန်တစ်ယောက်က နယူးယောက်မြို့သည် သန်းပေါင်းများစွာသော လူ တို့အတွက် ကမ္ဘာပေါ်တွင် အထီးကျန်ဆုံးနေရာဖြစ်သည်ဟု အစီရင်ခံပါသည်။ ။

အမေရိကန်လူမျိုး (၁၀)ယောက်တွင် (၁)ယောက်သည် ဤအားကစားကွင်း၏မိုင် (၅၀)အတွင်းတွင် နေထိုင်ကြသည်ဟု ကျွန်ုပ်တို့ကို ပြောပါသည်။ ယခုပင် စဉ်းစားကြည့် ပါ။ အမေရိကန်လူမျိုး (၁၀)ဦးတွင် (၁)ဦးသည် အားကစားကွင်း၏မိုင်(၅၀)အတွင်း နေ ထိုင်လျက် ရှိကြပါသည်။ သို့သော်လည်း ဤနေရာကို အမေရိကန်နိုင်ငံ၏အထီးကျန်ဆုံး နေရာများထဲမှ တစ်ခုဟု ဆိုကြပြန်ပါသည်။ နယူးဂျာစီပြည်နယ်မြောက်ပိုင်းသည် အပိုင်း ပိုင်း ကွဲနေပါသည်။ အထီးကျန်ဖြစ်နေသူ လူများစွာ ရှိသည်။ လူများသည် တစ်ယောက် နှင့်တစ်ယောက် မပတ်သက်ဘဲ သီးခြား လွတ်လွတ်ကင်းကင်း နေထိုင်နေကြသည်။

တက္ကသိုလ်များကို လေ့လာသည့်အစီရင်ခံစာအရ၊ အမေရိကန်ပြည်ထောင်စုတွင် ဟက္ကသိုလ်ကျောင်းသားများသည် အထီးကျန်ဆုံး ဖြစ်သည်။ အိမ်ထောင်ရေး ကွာရှင်း ထားသူများက ဒုတိယ လိုက်သည်။ သင်သည်လည်း အိမ်ထောင်ပြိုကွဲခြင်း၏အထီးကျန် ဆန်မှုကို ယနေ့ည ခံစားနေရသူ ဖြစ်ကောင်း ဖြစ်ပါမည်။

ယနေ့ ကမ္ဘာပေါ်တွင် အရက်အလွန်အကျူးသောက်ခြင်းနှင့် မူးယစ်ဆေး အလွဲသုံး ခြင်းကို ဖြစ်စေသည့် အခြေခံအကြောင်းတစ်ရပ်မှာ အဖော်မဲ့ခြင်း ဖြစ်သည်။ အရက်နှင့် မူးယစ်ဆေးကို အဖော်မဲ့ခြင်းမှ လွတ်မြောက်ရန် ကြိုးပမ်းမှုအဖြစ် သုံးစွဲကြသည်။ အဖော်မဲ့ ခြင်းမှ ကင်းဝေးအောင် အရက်သောက်ပြီး အဖြေကို မရှာနိုင်ပါ။

မဂ္ဂဇင်းတစ်စောင်၏မျက်နှာဖုံးဆောင်းပါးတစ်ပုဒ်၌ ၄င်းကို “လျစ်လျူရှုပစ်ပယ်ထား ခံရသော ကျွန်ုပ်တို့၏သားသမီးများ” ဟု သုံးစွဲထားပါသည်။ ထိုဆောင်းပါးအရ၊ အကယ် စင်စစ် ဤကလေးများသည် အဝတ်အစား လုံလုံခြုံခြုံရှိသည်။ အစာအာဟာရ ဝလင်စွာ စားရသည်။ သို့ရာတွင် ကလေးများအဖြစ် ၄င်းတို့၏ဘဝတွင် လိုနေသောအရာတစ်ခု ရှိ နေပါသည်။ ဤသည်မှာ ၄င်းတို့၏စိတ်ဝိညာဉ်ကို လျစ်လျူရှုမှု ဖြစ်သည်။ ထိုလျစ်လျူရှုမှု

သည် ၄င်းတို့ကို အထီးကျန် ဖြစ်စေပြီး၊ မူးယစ်ဆေး၊ အရက်တို့ကို ခင်တွယ်သွားစေသည်။ | ဤသည်မှ ကိုယ့်ကိုယ်ကို သတ်သေမှု မကြာခဏဖြစ်ပွားစေပါသည်။ ဤသည်မှာလည်း ၀ ၄င်းတို့၏သူရဲကောင်းများ ရှေ့မှ လမ်းပြသွား၍ ဖြစ်သည်။

အကယ်စင်စစ် ၄င်းတို့ လိုအပ်သည်ကား၊ ဘုရားသခင်နှင့် ရန်ပြေငြိမ်းဖို့ ဖြစ်သည်။ ၄င်းတို့သည် ဘုရားသခင်နှင့် ကွဲကွာလျက်ရှိကြသည်။ ကျွန်ုပ်တို့သည် အမိဝမ်းကတည်းက အပြစ်သားများ ဖြစ်ကြကြောင်း ဒါဝိဒ်မင်းကြီးက “အမိဝမ်းထဲမှာ ပဋိသန္ဓေ ယူစဉ်ပင်၊ အပြစ်စွဲပါ၏” (ဆာ ၅၁၅) ဟု ပြောပါသည်။ ကျွန်ုပ်တို့အားလုံးသည် အပြစ်သားများ ဖြစ်ကြပါသည်။

အပြစ်” ဟူသော ဝေါဟာရမှာ၊ ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ ကျွန်ုပ်တို့သည် ပညတ်တော် (၁၀)ပါးကို ချိုးဖောက်လျက် ရှိကြပါ သည်။ မွေးကတည်းက ပညတ်တော်ကို ချိုးဖောက်လိုစိတ်များ ပါလာပါသည်။ အပြစ် ပြုလိုစိတ်နှင့် မွေးခဲ့ကြပါသည်။ ။

သို့သော်လည်း၊ ခရစ်တော်အသွေးတော်သွန်း၍ အသေခံတော်မူခဲ့ရာ၊ လက်ဝါးကား တိုင်တော်သည် အဖြေဖြစ်တော်မူသည်။ လက်ဝါးကားတိုင်ပေါ်တွင် အသက်တော် စွန့် သည့်အတိုင်း၊ သင့်ကို ချစ်တော်မူသောကြောင့် “ငါသည် သင့်ကို ချစ်တော်မူသည်” ဘုရားသခင်က မိန့်တော်မူပါသည်။

ပထမဦးဆုံး၊ လူမှုပေါင်းသင်းဆက်ဆံရေး၏အထီးကျန်ဆန်မှုအကြောင်း ပြောလို ပါသည်။ မြို့ကြီး လမ်းမများပေါ်တွင် အိမ်ယာမဲ့များကို နေရာတိုင်း မြင်ကြရသည်။ လွန် ခဲ့သော ၃-၄ နှစ် ခရစ်စမတ်ကာလခန့်က လမ်းမပေါ်၌ လက်ဖြန့် ပိုက်ဆံ တောင်းနေ

သောလူတစ်ယောက်ကို ပိုက်ဆံ တစ်ဒေါ်လာ ပေးလိုက်ပါသည်။ ၄င်း၏အဓိကဒုက္ခကို မေးကြည့်ရာ၊ “ကျွန်တော် အရမ်းအဖော်မဲ့တာပဲ” ဟု ပြန်ဖြေပါသည်။ ကျွန်ုပ် သူ့ကို ခရစ်တော်အကြောင်း ပြောပြခဲ့ပါသည်။

တစ်ခါသော် ယေရှုခရစ်တော်သည် ကူညီသူ မဲ့နေသည့် ခြေလက်သေနေသူကို ကြည့် လိုက်ရာ၊ သူက “ဆရာ၊ ရေလှုပ်တဲ့အခါ၊ ကျွန်တော့်ကို ရေကန်ထဲ ချပေးမယ့်သူ မရှိပါ ဘူး။ ကျွန်တော် တစ်ယောက်တည်း ဖြစ်နေပါတယ်” ဟု ပြောပါသည်။ (၃၈)နှစ်တာ ကာလပတ်လုံး ၄င်းတစ်ယောက်တည်း ကူမမည့်အဖော်မရှိ ဖြစ်နေခဲ့သည်။ သခင်ယေရှု သည် သူ့ကို ကွက်၍ ရွေးချယ်ကာ၊ ထိုနေ့မှာပင် သူနှင့် မိတ်ဆွေဖြစ်သွားသည်။ သူ၏ အနာကို ငြိမ်းစေတော်မူသည်။ ယနေ့ည၌လည်း ကိုယ်တော်သည် သင့်မိတ်ဆွေ ဖြစ်လာနိုင် ပြီး၊ သင့်အား အဖော်မဲ့မှုမှ ကူမနိုင်ပါသည်။ ။

သမ္မတ အိုက်စင်ဟောင်းဝါးသည် အမေရိကန်ပြည်ထောင်စု၏သမ္မတ ဖြစ်လာပြီး နောက်၊ ပရက်စ်ဘက်ဘေးရီးယန်းအသင်းတော် (Presbyterian Church) ၌ နှစ်ခြင်း - မင်္ဂလာ ခံယူခဲ့ပါသည်။ သူအနှစ်သက်ဆုံး ဓမ္မတေးကား အဘယ်နည်းဟု မေးရာ၊ “ငါတို့ ပြစ်နှင့် ဝမ်းနည်းခြင်းများခံရန် မိတ်ဆွေယေရှုရှိ” (What a friend we have in-Jesus) ဟု ဖြေပါသည်။ ဤ ဓမ္မတေးကို သူ အနှစ်သက်ဆုံး ဖြစ်သည်။ အဓိပ္ပါယ်က သမ္မတကြီး - သည် မိတ်ဆွေတစ်ဦး လိုအပ်ခဲ့ပါသည်။ ။

နော်မန်ဒီ (Normandy) ကမ်းခြေကို သူ သိမ်းပိုက်သည့်အချိန်ကို ကျွန်ုပ်သတိရ ပါသည်။ ခေါင်းကို ညွတ်လျက် အင်္ဂလန်နိုင်ငံ၏ပင်လယ်ကမ်းပါးပြတ်ပေါ်၌ မတ်တပ်ရပ် နေဖို့ ဖြစ်သည်။ နှစ်အတန်ကြာပြီးနောက် သူ၏ထိုဓါတ်ပုံကို ကျွန်ုပ်ထံ ပို့ပေးပါသည်။ “ကျွန်ုပ် မိတ်ဆွေတစ်ယောက်တွေ့ပြီး၊ အဲဒီမိတ်ဆွေက သခင်ယေရှုပါပဲ” ဟု စာရေးသား ထားပါသည်။ ။

ဧ ၃၁၇ တွင် သင့်စိတ်နှလုံးထဲ၌ ခရစ်တော် ဝင်ရောက်ကျိန်းဝပ်တော်မူနိုင်သည်ဟု ပြောထားပါသည်။ လူနေအခန်းပေါင်းများစွာ ပါသည့် အဆောက်အဦး၌နေရပြီး၊ စာ တစ်စောင်မှ မရဘူးသူ သို့မဟုတ် မိတ်ဆွေသူငယ်ချင်းများ၏ပိုက်ထွေးခြင်းကို တစ်ခါမှ မခံရဖူးသူတစ်ယောက်၊ မြို့ကြီးပြကြီး၌ ကျော်ကြားမှုနှင့် ဥစ္စာနေ ရှာဖွေကာ မှန်းချက် နှင့်နှမ်းထွက်မကိုက်၍ စိတ်ပျက်၊ စိတ်မချမ်းသာ ဖြစ်နေရသူ၊ ကျေးလက်မှ မိန်းကလေး စသည်တို့အတွက် သခင်ခရစ်တော်သည် သင်တို့၏မိတ်ဆွေ ဖြစ်နိုင်ပါသည်။

အထီးကျန်ဆန်မှုကို အိမ်ထောင်များ၌ပင် တွေ့နိုင်ပါသည်။ သင့်ဇနီး သို့မဟုတ် ခင်ပွန်းနှင့်အတူ တစ်အိပ်ယာထဲ လဲလျောင်းနေသော်လည်း၊ အထီးကျန်ခံစားမှု ဖြစ်နေ နိုင်ပါသည်။ အဘယ်ကြောင့် ဤသို့ ဖြစ်ရပါသနည်း။ ဤသည်ကား တစ်ကမ္ဘာလုံး၌ ဖြစ်နေသည့် အလွန် ကြီးကျယ်အရေးပါသော အထီးကျန် အဖော်မဲ့မှု ရောဂါ ဖြစ်သည်။

အထီးကျန်ဆန်မှုဆိုသည်မှာ စိတ်နှလုံးသားနှင့်ဆိုင်သည့်အရာဖြစ်သည်။ ဘုရားသခင် ကို ဆာငတ်နေသောစိတ် ဖြစ်သည်။ ဘုရားသခင်ကို ဆာငတ်နေခြင်းအဖြစ် သင် အသိ အမှတ်ပြုချင်မှ ပြုပေမည်။ သို့သော်လည်း ဤသည်ကား အမှန်တရား ဖြစ်သည်။ အဘယ်

ကြောင့်ဆိုသော် သင့်စိတ်၊ ခန္ဓာကိုယ်၊ ဝိညာဉ်သည် ဘုရားသခင်ကို ဆာငတ်နေသည်။ ဘုရားသခင်နှင့် မိဿဟာယဖွဲ့ရန် မွတ်သိပ်နေသည်။ (ဆာ ၄၂၁၊ ၂)။ သင့်ကို ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားပါသည်။ ကျွန်ုပ်တို့ တစ်ဦးချင်းစီ၏ အထဲ၌ အထီးကျန်ဆန်ခြင်းတည်းဟူသည့် အပြစ်များ ရှိနေပါသည်။ ။ - လတ်တလောကောက်ယူထားသည့် စစ်တမ်းများအရ၊ မိခင် သို့မဟုတ် ဖခင် တစ်ဦးဦး ရုတ်တရက် ပျောက်ကွယ်သွားခြင်းသည် ကလေးတစ်ယောက်၏ဘဝကို စိုးရွံ့မှု၊ အထီးကျန် မှုနှင့် လွှမ်းမိုးသွားစေသည်ဟု သိရပါသည်။ ပြိုပျက်သွားသောအချစ်၊ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ အရွယ်ရောက်သားသမီးများ အိမ်မှ ခွဲထွက်သွားခြင်း၊ မိသားစုဝင်တစ်ဦး ဆုံးပါး ခြင်း စသည်တို့က ကျွန်ုပ်တို့အားလုံးကို အထီးကျန်စေပါသည်။

ယခုအခါ ကျွန်ုပ်၏မြေးအချို့ တက္ကသိုလ် တက်နေကြပါသည်။ ကျွန်ုပ်၌ သမီးတစ် ယောက် ရှိပါသည်။ သူမ၌ သားသမီးသုံးယောက်ရှိသည်။ ယခုနှစ် တက္ကသိုလ် ဖွင့်သည့် အခါ ကလေးနှစ်ယောက် တက္ကသိုလ် သွားတက်ပါသည်။ ကျွန်ုပ်သည် သူမကို ဖုန်းဆက် ရာ၊ သူမက “ဖေဖေ၊ ကျွန်မ သူတို့ကို သိပ်လွမ်းတာပဲ။ ကျွန်မအနားမှာ သူတို့မရှိတာ၊ အဖော်မဲ့လိုက်တာ” ဟု ပြောပါသည်။ သူမ၏ခင်ပွန်းနှင့်အတူ နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက် ပျိုးထောင်ပေးခဲ့သည့်နောက်၊ ဤသားသမီးများကို ခေတ္တ လက်လွှတ်လိုက် ရပြီ ဖြစ်သည်။

ဒုတိယအချက်ကား ဝေဒနာခံစားရစဉ် အဖော်မဲ့မှု (Loneliness of suffering) ဖြစ်သည်။ ရောဂါဝေဒနာ ခံစားရသောအချိန်၌ ကိုယ့်အိပ်ယာသည် ကိုယ့်ကမ္ဘာ ဖြစ်သွား ရတော့သည်။ “ငါတို့အား ပေါ်ထွန်းလတံ့သောဘုန်းကိုထောက်သော်၊ ယခု မျက်မှောက်

ကာလ၌ခံရသော ဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါ သဘောရှိ၏” (ရော ၈၁၈)။ ခံစားနေရသောဝေဒနာများ အဆုံးသတ်သွားမည့်အချိန်ရှိပြီး၊ ဝေဒနာများ၏အဆုံး၌ ဘုန်း တော်ရောင်ခြည် ထွန်းလင်းမည့်အချိန်ရှိသည်ဟူသောမျှော်လင့်ချက်ကို ခရစ်တော် ပေး တော်မူပါသည်။

ဗျာ ၂၁၄ ၌ ဖော်ပြထားသည်မှာ “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိ သမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊

အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား ရှေးဖြစ်ဘူးသောအရာတို့သည် ရွှေ့သွားကြပြီ။” ကျွန်ုပ်သည် ခရစ်တော်၏ရှေ့တော်မှောက်၌ ထာဝရနေရမည့် ထိုနေ့ကို မျှော်နေပါသည်။

တတိယအချက်မှာ ဝမ်းနည်းကြေကွဲစဉ် အဖော်မဲ့ခြင်း (Loneliness of sorrow) ဖြစ်သည်။ ကျွန်ုပ် အသက်ကြီးလာလေလေ၊ အသုဘအခမ်းအနား တက်ရလေလေ ထိုခံစားမှုမျိုး ဖြစ်လေလေ ဖြစ်သည်။ အထူးသဖြင့် ကျွန်ုပ်မိတ်ဆွေများ၊ ကွယ်လွန်သွားကြ

သောအခါ၌ ဖြစ်ပါသည်။ သခင်ယေရှုသည် မိတ်ဆွေတစ်ဦး၏အသုဘ၌ မျက်ရည်ကျ ခဲ့ပါသည်။ (ယော ၁၁း၃၃-၃၆)။ “ယေရှုကလည်း ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်” (ယော ၁၁၂၅၊ ၂၆) ဟု မိန့်တော်မူသည်။ ဤသည်ကား ဝမ်းနည်း ကြေကွဲနေသူများအတွက် ကိုယ်တော်ပေးသောမျှော်လင့်ချက် ဖြစ်သည်။

သင့်မိတ်ဆွေသို့မဟုတ် ချစ်ခင်သူတစ်ယောက်ယောက် သေဆုံးသွား၍ သူ့ခေါင်း - တလားဘေး၊ သင် ရပ်နေသော်၊ သခင်ယေရှုသည် ထမြောက်ခြင်းနှင့် အသက် ဖြစ်

ကြောင်း သတိရပါ။ အကယ်၍ ထိုသူတို့သည် ခရစ်တော်ကိုသိသော်၊ ကိုယ်တော်သည် သူ့ကို ထမြောက်စေပါမည်။ ဤသည်မှာ ကျွန်ုပ်တို့၏မျှော်လင့်ချက်ရောင်ခြည်ပင် သည်။

ယနေ့ညတွင်လည်း ဆေးရုံ၌ ဝေဒနာခံစားနေရသော ကျွန်ုပ်မိတ်ဆွေများ ပါသည်။ သူတို့ထံသွား၍ ပွေ့ဖက် နှစ်သိမ့်ချင်ပါသည်။ )

စတုတ္ထအချက်မှာ အပြစ်ကြောင့်အထီးကျန်ခြင်း (Loneliness of sin) လည်း ရှိပါသေးသည်။ စိတ်ပညာ ပါမောက္ခတစ်ဦးသည် အောက်ပါ အခြေခံအချက်နှစ်ချက် အကြောင်း ပြောပြပါသည်။ ကျွန်ုပ်တို့ကို သူများ အလိုမရှိ ဟူသည့် ခံစားချက်နှင့် ကျွန်ုပ် တို့ကို မည်သူမျှ နားလည်မှု မရှိ ဟူသည့် အသိ ဖြစ်သည်။ ထိုအကြောင်းများကို သင် အကြိမ် မည်မျှ ကြားဖူးပါသနည်း။ ။

မကြာခင်လေးက လူငယ်တစ်စုအကြောင်း ရေးသားထားသည့် ဆောင်းပါးကို ဖတ် လိုက်ရပါသည်။ ဆောင်းပါးရှင်က “ဤလူငယ်များသည် ပတ်ဝန်းကျင်နှင့် ကင်းကွာနေ သော မျိုးဆက်ဖြစ်ပြီး၊ ဦးတည်ရာမဲ့ မျှော်မှန်းချက်မရှိ ဖြစ်နေကြသည်” ဟု ဆိုသည်။

အဖော်မဲ့ခြင်း၏ပိုနက်ရှိုင်း၍ ပိုအခြေခံကျသောအရင်းအမြစ်မှာ ဘုရားသခင်နှင့် သီးခြားဖြစ်နေခြင်းဖြစ်သည်။ အဖော်မဲ့ခြင်းသည် မည်သည့်အချိန်က စဖြစ်ခဲ့သည်ကိုသင်သိပါသလား။ ဧဒင်ဥယျာဉ်၌ လူသားသည် မိမိကိုယ်ကို ဘုရားသခင်နှင့် မိဿဟာယ ဖွဲ့ခြင်းမှ အဆက်ဖြတ်လိုက်ချိန်မှ စတင်ပါသည်။ ဘုရားသခင်ကို ပုန်ကန်ခဲ့သည်။ စကား နားမထောင်ပါ။ ထိုအချိန်ကစ၍ အပြစ်သား ဖြစ်လာပါသည်။ သူ့သားနှစ်ယောက်လည်း အပြစ်သားများ ဖြစ်လာသည်။ ထိုနောက် မျိုးဆက်တစ်ခုမှ တစ်ခုသို့ ဖြတ်သန်းလာရာ၊ သင်နှင့် ကျွန်ုပ်တို့အထိ ရောက်လာပြီး၊ ကျွန်ုပ်တို့အားလုံး အပြစ်သား ဖြစ်လာကြသည်။

ကျွန်ုပ်တို့သည် အပြစ်၌ မွေးဖွားလာကြသည်။ မိမိရွေးချယ်မှုအရ၊ အပြစ်သား ဖြစ် လာကြသည်။ ဗီဇ၌ အပြစ်ပါလာသည်။ ထိုအပြစ်သည် ကျွန်ုပ်တို့ကို ဘုရားသခင်နှင့်ခွဲ ခြားထားသည်။ ကားတိုင်ပေါ် အသေခံတော်မူသော ခရစ်တော် တစ်ပါးတည်းသာလျှင် ကျွန်ုပ်တို့ကို ဘုရားသခင်နှင့် ရန်ပြေငြိမ်းစေနိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လက်ဝါး ကားတိုင်သို့လာကာ၊ ကိုယ့်ကိုယ်ကို အပြစ်သားဖြစ်ကြောင်း သိမှတ်ရမည်။ မိမိအသက်ရှင် ပုံကို ပြောင်းလဲရန် အသင့်ရှိရမည်။ ဤသည်ကို နောင်တရသည်ဟု ဆိုသည်။ ထိုကြောင့်

ယုံကြည်ခြင်းဖြင့် သင် ပြောရမည်မှာ “မှန်ပါသည် သခင်ယေရှု။ ကိုယ်တော့်ကို ကျွန်ုပ် >၏သခင်နှင့် ကယ်တင်ရှင်အဖြစ် လက်ခံပါသည်” ဟု ဖြစ်သည်။

ဧဒင်ဥယျာဉ်တွင် လူယောက်ျားနှင့် လူမိန်းမသည် ဘုရားသခင်နှင့်အတူ စိတ်သဘော ထား ညီညွတ်စွာ နေထိုင်ခဲ့ကြပါသည်။ ထိုစဉ် ထိုအခြေအနေကို မွှေနှောက် ဖျက်ဆီးမည့် အရာ ဖြစ်ပွားခဲ့သည်။ ကိုယ့်လွတ်လပ်မှုနှင့် ကိုယ် ရှိကြသည်ဟု ကြွေးကြော်ခြင်းလည်း ဖြစ်သည်။ ၄င်းတို့က “ကိုယ်တော်၊ ကိုယ်တော့်ကို ကျွန်တော်တို့ မလိုအပ်တော့ဘူး။ ကိုယ်တော်မပါဘဲ ကိုယ့်လောကကိုယ် ဖန်တီးတတ်ပါတယ်” ဟု ပြောသည်။ ကိုယ်တော့် လက်မှ လွတ်လပ်သွားပြီဟု ကြေညာလိုက်သည်။ ဘုရားသခင်သည် “အာဒံ .. မင်း ဘယ်မှာလဲဟေ့” ဟုခေါ်ရင်း၊ ဥယျာဉ်သို့ ကြွလာတော်မူပါသည်။ လူသားသည် ဘုရား သခင်ကို ပုန်းဖို့ ကြိုးစားခဲ့ပါသေးသည်။ သင်နှင့်ကျွန်ုပ် ဘုရားသခင်နှင့်မတွေ့အောင် ပုန်းခဲ့သလိုမျိုးဖြစ်သည်။ သို့သော် ပုန်းစရာနေရာ မရှိပါ။ အဖော်မဲ့ခြင်းဟူသောအမြစ် သည် လူသား၏စိတ်၌ အမြစ်တွယ်ခဲ့သည်။ ထိုအချိန်မှစ၍ ဤလောကရှိလူတိုင်းက ဤအမွေကို ဆက်လက်ခံယူကြရသည်။ (က ၃၊ ၄)။ ။

အဖော်မဲ့အထီးကျန်ဆန်မှုသည် အတန်းအစားမခွဲခြားပါ။ ကမ္ဘာ့အကျော်ကြားဆုံး၊ အနုပညာရှင်များ၊ စာရေးဆရာ၊ တေးရေးဆရာ၊ ဘုရင်၊ ဘုရင်မ၊ လက်သမား၊ ပိုက်ဆက် သမား၊ စသဖြင့် လူတိုင်း အဖော်မဲ့ကြသည်။ ရုပ်မြင်သံကြားဇာတ်လမ်းမှ နာမည်ကြီး ပုဂ္ဂိုလ်များအကြောင်း ရိုက်ကူးထားသည့် ရုပ်ရှင်များကို သင် ကြည့်ဖူးပါမည်။ အတော် များများသည် အဖော်မဲ့သူများ ဖြစ်ကြသည်။ အထီးကျန်အဖြစ်ဆုံးလူအချို့သည် နာမည် ကျော်ကြားကြသည်။ ၄င်းတို့သည် ကိုယ့်ကမ္ဘာနှင့်ကိုယ် သီးသန့်နေသူများ ဖြစ်သည်။

လွန်ခဲ့သောနှစ်များစွာက ကလစ်(ဖ) (Cliff) နှင့် ကျွန်ုပ်သည် စကော့တလန်နိုင်ငံ၊ ဂလတ်စကိုမြို့ရှိ ဆရာဝန်တစ်ဦး၏အိမ်၌ ခေတ္တတည်းခိုကြပါသည်။ ထိုမြို့၌ ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးရှိသည်။ ထိုမိတ်ဆွေသည် ကျွန်ုပ်တို့တည်းသောအိမ်နံဘေးရှိ သူ့မိခင် အိမ်သို့ လာလေ့ရှိသည်။ သူ့မိခင်သည် အသက် (၉၀)ရှိပြီဖြစ်သည်။ နေ့စဉ်လာတိုင်း နှင်းဆီနီတစ်ပွင့် ယူခဲ့လေ့ရှိသည်။ အလွန်ကောင်းသည်ဟု ကျွန်ုပ် သဘောပိုက်ပါသည်။ ထိုမိတ်ဆွေတွင် The House of Fraser ဟုခေါ်သည့် စတိုးဆိုင်လေးတစ်ဆိုင် ဂလတ်စကို မြို့ထဲ၌ ရှိသည်။ ကျွန်ုပ်တို့ ထိုသို့နေရင်း ရင်းနှီးလာကြသည်။ ဟူဖရေဆာ (Hugh Fraser) သည် ဗြိတိန်နိုင်ငံ၌ အချမ်းသာဆုံးစာရင်းဝင်တစ်ယောက် ဖြစ်လာသည်။ ဗြိတိန်ရှိ စတိုးဆိုင်ကြီးအားလုံးကို သူဝယ်သည်။ လန်ဒန်မြို့ရှိ တဲရော့(စ်) (Harrods) ကိုပင် သူ ဝယ်ခဲ့သည်။ ကျွန်ုပ်တို့ သူ့ကို သိပြီးသည့် နောက်ပိုင်းတွင်မှ ဤသို့ ကြွယ်ဝလာခြင်း ဖြစ်သည်။ ဘုရင်မကြီးသည် ၄င်းကို သခင် (Lord) ဘွဲ့ ချီးမြှင့်သောကြောင့် လော့ဒ်ဖရေ ဆာ (Lord Fraser) ဟူ၍ ဖြစ်လာသည်။

အခု ခင်ဗျားကို သခင် (Lord) ဘွဲ့ ချီးမြှင့်ထားတယ် ဆိုတော့ ခင်ဗျားကို စကား ပြောတဲ့အခါ “ဟုတ်ကဲ့ပါသခင်။ မှန်ပါတယ် သခင်” လို့ ပြောကြတာ၊ ခင်ဗျား ဘယ်လို ခံစားရလဲ” ဟု မေးရာ၊ ၄င်းက “အင်မတန် ဆိုးပါတယ်ဗျာ။ အရင်မိတ်ဆွေတွေက ကျွန်တော့်ကို ဘယ်လို ဆက်ဆံရမလဲဆိုတာ မသိကြတော့ဘူး။ ပြီးတော့ အင်္ဂလန် လူမှု အဖွဲ့အစည်းက ကျွန်တော့်ကို သခင် (Lord) အဖြစ် လက်မခံကြဘူး။ ကျွန်တော်က အရမ်းချမ်းသာတယ်။ ပြီးတော့ အရမ်းအထီးကျန်တယ်ဗျာ” ဟု ပြောသည်။ ထို့ ကြောင့်အဖော်မဲ့ခြင်းသည် လူတန်းစား မခွဲခြားပါ။ လူတိုင်းခံစားရသည်။ > >

ယော ၁၃၁၈-၃ဝ ၌ နောက်ဆုံးသောညစာစားပွဲအကြောင်း ဖတ်ရပါသည်။ ယုဒ သစ္စာဖောက်မည့်အကြောင်းကိုလည်း တွေ့ရသည်။ သမ္မာကျမ်းစာ၌ ယုဒ ထွက်သွား

သောအချိန်ကို “ထိုအချိန်ကား၊ ညအချိန်ဖြစ်သည်” ဟု ဆိုသည်။ သူသည် သခင်ဘုရား ကို သစ္စာဖောက်သည်။ ထိုအချိန်မှစ၍ သူသည် အထီးကျန်ဖြစ်သွားသည်။ ထိုအချိန်မှ စ၍ ခရစ်တော်နှင့်မိဿဟာယဖွဲ့ခြင်းမရှိတော့ပါ။ ၄င်းသည် ကိုယ့်သခင်ကို သစ္စာဖောက် ခဲ့ပြီဖြစ်သည်။ ။

၊ ဘုရားသခင်နှင့်မိဿဟာယဖွဲ့ခြင်းကို သင် ယခင်က သိခဲ့ကောင်း သိခဲ့မည် ဖြစ် သည်။ ကိုယ်တော်နှင့်အတူ လှမ်းလျှောက်ခဲ့ပြီး၊ ဘုရားကျောင်းလည်း တက်ခဲ့ပါမည်။ ကျမ်းစာ ဖတ်ခဲ့ပြီး၊ သစ္စာရှိစွာ အသက်ရှင်ခဲ့မည် ဖြစ်ပါသည်။ သို့ရာတွင် ရုပ်မြင်သံကြား

ကြောင့် သင်တဖြေးဖြေး လမ်းကြောင်းလွဲသွားသကဲ့သို့ အခြားအရာတစ်ခုခုကြောင့် လမ်း လွဲသွားခဲ့ပါသည်။ ယခုအခါ ယခင်ကကဲ့သို့ ဘုရားသခင်နှင့်နီးကပ်စွာ မလျှောက်တော့ပါ။ ဘုရားသခင်နှင့်ပြေလည်သောအချိန် ရှိခဲ့ပါမည်။ နှစ်ခြင်းမင်္ဂလာ ခံယူခဲ့သောအချိန် ရှိပါ သည်။ အသင်းတော်၌ စွဲစွဲမြဲမြဲနေခဲ့သောအချိန် ရှိပါမည်။ သို့သော်လည်း၊ ထိုအခြေအနေ မှ သွေဖယ်ကာ၊ ဘုရားသခင်ထံမှ ထွက်သွားသောကြောင့် ညအချိန် ဖြစ်ခဲ့ရပါတော့သည်။ ဘုရားသခင် မရှိခြင်းတည်းဟူသော အဖော်မဲ့ညသည် သင့်ကို စိုးမိုးသွားပြီဖြစ်သည်။

ဤအရာများအားလုံးကို ယခုည၊ သင် ပြုပြင်နိုင်ပါသည်။ သင် ပြန်လာနိုင်ပါသည်။ ကိုယ်တော်သည် သင့်ကို လက်ကမ်းကြိုလင့်လျက် ရှိသည်။ “ပြန်လာပါ။ ငါသင့်ကို ချစ် တယ်။ သင့်ကို လက်ခံပါတယ်။ သင့်အပြစ်ကို ခွင့်လွှတ်ပါမည်” ဘုရားကျောင်း မှန်မှန် တက်သော်လည်း၊ ခရစ်တော်ကို ကိုယ်တိုင်မသိသူလောက် ခါးသီးသည့် အထီးကျန်ခြင်း မျိုး မရှိပါ။ ထိုသို့သောလူများစွာ ရှိပါသည်။ ၄င်းတို့သည် ဘုရားကျောင်း တက်သည်၊ ဘုရားကျောင်း၌ အလုပ်လုပ်သော်သော်လည်း ခရစ်တော်ကို ကိုယ်တိုင် သိကျွမ်းခြင်း “မရှိပါ။ အပြစ်သည် ကျွန်ုပ်တို့ကို အထီးကျန်စေပါသည်။ အဘယ်ကြောင့်ဆိုသော်၊ ကျွန်ုပ် > တို့ကို ဘုရားသခင်နှင့် သီးခြားဝေးကွာစေ၍ ဖြစ်သည်။

လူတို့ကို အထီးကျန် ဖြစ်စေခြင်းသည် ဘုရားသခင်၏အကြံအစည်တော် လုံးဝမဟုတ် ပါ။ အမေရိကန်နိုင်ငံတွင်လုပ်သော စစ်မှုထမ်းရာပေါင်းများစွာက လူ့ဘောင်အဖွဲ့အစည်း သည် ကျွန်ုပ်တို့ကို လူ့အဖွဲ့အစည်းနှင့် ပို၍ လိုက်လျောညီထွေရှိအောင် ပို၍ ပျော်ရွှင်

အောင် မလုပ်ပေးနိုင်ပါ။ တဒင်္ဂ ကာမဂုဏ်ကျေနပ်မှု ခံစားခြင်းသည် ခါးသီးမှု၊ မည်သည့် စိတ်ရောဂါဆရာဝန်မှ မကုသနိုင်သော ပျော်ရွှင်မှုဆုံးရှုံးခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။

ကျမ်းစာတော်မြတ်၌ “မတရားသောသူတို့မူကား၊ မငြိမ်နိုင်ဘဲ၊ လှုပ်ရှား၍ ရွှံ့နှင့် အမှိုက်ကို ပက်သော ပင်လယ်ရေနှင့်တူကြ၏” (ဟေရှာ ၅၇း၂၀)။ ပင်လယ်ကမ်းစပ်၌ ရပ်၍ အစဉ်တစိုက် လှုပ်ရှားနေသောပင်လယ်သည် မည်မျှ ဒုက္ခကြီးသည်ကို ကြည့်ဖူးပါ သလား။ ကျွန်ုပ်တို့သည်လည်း ထိုနည်းတူ ဖြစ်ကြသည်။ ။

ပဉ္စမအချက်အနေဖြင့် သခင်ယေရှုအဖော်မဲ့ခြင်း (Loneliness of Jesus) ပြောလိုပါသည်။ ကျွန်ုပ်တို့ ကယ်တင်ရှင်၏အဖော်မဲ့ခြင်းအကြောင်း ဖြစ်သည်။ ကိုယ်တော် သည် အဖော်မဲ့သူ၊ အစွန့်ပစ်ခံရသူတို့ကို အချိန်များစွာ ပေးခဲ့ပါသည်။ အမျိုးသမီးတစ်ဦး နှင့် ရေတွင်းတစ်ခု၌ အချိန်ကြာမြင့်စွာ စကားပြောခဲ့ပါသည်။ (ယော ၄၅-၃၀)။ “မထီမဲ့ မြင်ပြုခြင်းကို ခံရ၍ လူတို့တွင် အယုတ်ဆုံးသောသူ ဖြစ်၏။ ငြိုငြင်သောသူ၊ နာကြဉ်းခြင်း ဝေဒနာနှင့် ကျွမ်းဝင်သောသူ ဖြစ်၏။ သူတစ်ပါးမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ ဖြစ် ၏။ မထီမဲ့မြင်ပြုခြင်းကို ခံလျက်ရှိ၍ ငါတို့သည် မရိုသေကြ” (ဟေရှာ ၅၃၅) ဟု ကျမ်းစာ ၌ လာပါသည်။ လူပေါင်းများစွာ ကိုယ်တော့်ကို ဝန်းရံထားသော်လည်း ကိုယ်တော် တစ်ဦး တည်းဖြစ်ရသည့်အချိန်များ ရှိခဲ့ပါသည်။ နောက်ဆုံးသောအချိန်မှာပင် သမ္မာကျမ်းစာကပြောသည်မှာ “တပည့်တော်အပေါင်းတို့သည် ကိုယ်တော့်ကို စွန့်ပစ်၍ ပြေးကြ၏။” (မ ၂၆၅၆)၊ မကြာခင်လေးက “ဟောရှဏ္ဏ ဖြစ်စေသတည်း” ဟု ကြွေးကြော်ခဲ့သော လူအုပ်ကြီးသည် (မ ၂၁၈၊ ၉) ထိုရက်သတ္တပတ်ထဲမှာပင် “ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ။ ရိုက်ထားပါ” ဟု ကြွေးကြော်ကြပြန်သည်။ (လု ၂၃း၂၁)။ ကိုယ်တော် တစ်ကိုယ် တည်း ဖြစ်ခဲ့ရသည်။

နောက်ဆုံး၌ ကားတိုင်ပေါ်မှ ကိုယ်တော် ဤသို့ ကြွေးကြော်တော်မူသည်ကို ကျွန်ုပ် တို့ ကြားကြရသည်။ “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” (မ ၂၇၄၆)။ လက်ဝါးကပ်တိုင်ပေါ်၌ ချိတ်ဆွဲခြင်းခံရသော ခရစ်တော်သည် အထီးကျန်အဖြစ်ဆုံးသူ ဖြစ်သည်။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ သင်နှင့် ကျွန်ုပ်၏အပြစ်ကို သယ်ဆောင်ထားသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် အပြစ်ကို ကြည့်မနေနိုင်ပါ။

သခင်ယေရှုအဖို့ ထိုအချိန်သည် ခမည်းတော် စွန့်ပစ်သည်ဟု ထင်ရသောအချိန် ဖြစ်သည်။ သင်နှင့်ကျွန်ုပ်အတွက် အိပ်မက်ငရဲကို ခံစားနေတော်မူရသည်။ ကျွန်ုပ်တို့ ငရဲသွားရမည့်အတွက် ဒဏ်ခံသွားတော်မူသည်။ ကျွန်ုပ်တို့အတွက် ပြစ်ဒဏ် စီရင်မှု ခံ

တော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဤမျှ ချစ်တော်မူပြီး သင့်ကို ကိုယ်တော့် ထံတော်သို့ အလျင်အမြန် ပြန်လာစေလိုပါသည်။ ။

သင်နှင့် ကျွန်ုပ်အတွက် အသေခံသဖြင့် အဆုံးစွန်သော အထီးကျန်မှုကို တွေ့ကြုံခဲ့ ရသည်။ အသေခံတော်မူခြင်းဖြင့် လူသားတို့၏အထီးကျန်မှုကို ဖြစ်စေသည့် အခြေခံပြီးအကြောင်းတရား ဖြစ်သော ဘုရားသခင်နှင့် ဝေးကွာခြင်းကို ဖြေရှင်းပေးတော်မူသည်။ ကားတိုင်ပေါ်တွင် လက်တစ်ဖက်သည် ခမည်းတော်ကို ဖက်တွယ်ထားပြီး၊ ကျန် လက် တစ်ဖက်သည် ကျွန်ုပ်တို့ကို ကမ်းလင့်နေသည်။ ငရဲဆိုသည်မှာ အခြေခံအားဖြင့် ဘုရား သခင်ထံမှ ကွဲကွာခြင်း ဖြစ်သည်။ ငရဲဆိုသည်မှာ ဤစကြာဝဠာ၌ အထီးကျန် အဖြစ်ဆုံး သောနေရာဖြစ်သည်။ သည် လူများစွာသည် ငရဲလို့ ပြောပါက လှောင်ပြောင်၍ မထိတထိ ရယ်ကြသည်။ ၄င်းတို့က “ကောင်းပြီဟေ့။ ငါတော့ ငရဲကိုပဲ သွားမလို့။ အဲဒီနေရာမှာ ငါပျော်မှာပါ။ ည ကပွဲရုံ တွေလည်း ရှိတယ်။ ပျော်ပျော်ပါးပါး နေမယ်။ စာတန်၊ နတ်ဆိုးတွေနဲ့ ပျော်ပျော်ကြီး နေလိုက်မယ်” ဟု ပြောသော်လည်း လူ့အထင်နှင့် သမ္မာကျမ်းစာ၌ ဖော်ပြထားသည်မှာ မတူပါ။ ကျမ်းစာ၌ပြောသည့် ငရဲဆိုသည်မှာ သင်သိဘူးသမျှအရာခပ်သိမ်းနှင့် ကွေ ကွင်းခြင်း ဖြစ်ပြီး သင် တစ်ဦးတည်း ဖြစ်မည်။ ဤသည်ကား၊ ငရဲတကာ့ငရဲ ဖြစ်သည်။ အဖော်မဲ့ခြင်း၊ အထီးကျန်ခြင်း၊ တကိုယ်တည်း ရှိခြင်း ဖြစ်သည်။

ငရဲအကြောင်း ကျွန်ုပ် အကုန် မသိသော်လည်း သခင်ခရစ်တော်ကို ငြင်းပယ်ကြ သည့်လူများ၊ ငရဲသို့ ဦးတည်လျက် သွားနေကြသည်ဟု ကျွန်ုပ် အသေအချာ ယုံကြည် သည်။ ဘုရားသခင်ကိုကျောခိုင်းထားသော်၊ သင်လည်း ထိုမှာ လမ်းဆုံးသွားပါမည်။ ထို နေရာ၌ သင် တစ်ဦးတည်းနေရမည့်အရပ် ဖြစ်သည်။ လူအစုအဝေးနှင့် နေရမည်မဟုတ်။

သခင်ယေရှုသည် သင့်အတွက် ငရဲ၏နာကျင်မှုဝေဒနာ ခံစားခဲ့ပြီးဖြစ်၍ သင် ငရဲ သွားစရာမလိုတော့ပါ။ တစ်မိနစ်မျှပင် သွားဖို့၊ နေဖို့ မလိုပါ။ ခရစ်တော် သင့်အတွက် လုပ်ပေးတော်မူခဲ့ပြီး ဖြစ်သည်။ သင် လုပ်ဖို့လိုသည်မှာ ခရစ်တော်ထံ လာဖို့နှင့် သင့်နှလုံး သားထဲ၌ ခရစ်တော်ကို လက်ခံဖို့ ဖြစ်သည်။

သေခြင်းနှင့် ပြစ်ဒဏ်စီရင်ခြင်း၏အထီးကျန်ဆန်မှု ရှိပါသည်။ (Loneliness of death and judgement) ကျွန်ုပ်အဖွား သေအံ့ဆဲဆဲအချိန်ကို သတိယပါသည်။ အဖွားသည် တစ်ဦးတည်း မဖြစ်ခဲ့ပါ။ အဖွားသည် ခရစ်တော်ကို သိသည်။ နောက်ဆုံးအချိန်၌အိပ်ယာ ပေါ်ထိုင်ကာ၊ “အို... ဘင်ကို မြင်တယ်” ဟု ပြောသည်။ ဘင် ဆိုသူမှာ နှစ်မကြာမီက ကွယ်လွန်သွားသူ ခင်ပွန်းဖြစ်သည်။ အဖိုးသည် Getlysburg တွင် ခြေတစ်ဖက်၊ မျက်လုံး တစ်ဖက် ဆုံးရှုံးခဲ့သည်။ သူသည် သူ့လယ်သို့ ပြန်လာကာ၊ ချစ်စရာ သမီး(၃)ဦးကို ပြုစု ပျိုးထောင်ခဲ့သည်။ အငယ်ဆုံးသမီးမှာ ကျွန်ုပ်၏မိခင်ဖြစ်သည်။

ကျွန်ုပ်အဖေနှင့်အမေ ကွယ်လွန်သည့်အချိန်ကိုလည်း သတိရပါသည်။ သူတို့အနား ကျွန်ုပ် မရှိခဲ့ပါ။ ဆုံးပြီး အနည်းငယ်ကြာမှ ရောက်သွားသည်။ သူတို့မျက်နှာပေါ်မှ ငြိမ်သက်မှုကို မြင်ရပါသည်။ ၄င်းတို့သည် ဘုရားသခင်ကိုသိသည်။ ဘုရားသခင်နှင့် လျှောက်လှမ်းခဲ့ကြ သည်။ ။

ဘုရားသခင်ရှေ့ သင် တစ်ယောက်တည်း ရပ်နေရသည့်အခိုက်မှာ ပြစ်ဒဏ်စီရင်ခြင်း လည်း ရောက်လာပါမည်။ သင်ကလွဲ၍ မည်သူမျှ ရှိမည်မဟုတ်ပါ။ ဤလောက၌ အရေး ကြီးသည်ဟု ဆိုသည့်အရာများ တစ်ခုချင်း ခွာကြည့်ခံရပါမည်။ သင် အသက်ရှင်ခဲ့သမျှ ပုံစံများအတွက် သင် ဖြေရှင်းရပါတော့မည်။ ခရစ်တော်ရှေ့တော်တွင် သင် ပြုခဲ့သမျှ အတွက် အဖြေပေးရပါတော့မည်။ ။

ဘုရားသခင်၌ မှတ်တမ်းတင်စက် ရှိပါသည်။ သင့်အပြုအမူများကိုသာမက၊ သင် စဉ်းစားသမျှကိုလည်း မှတ်တမ်းတင်ထားပါသည်။ သင့်စိတ်နှလုံးထဲ၌ ရှိသမျှအရာအားလုံး ကို လူ့ဘုံအလယ်၌ ချပြခံရပါလိမ့်မည်။ ပေးစရာအဖြေမရှိ၊ တစ်ဦးတည်း ဖြစ်ရဦးမည်။

တစ်ဦးတည်း ဆုံးဖြတ်ရမည့်အချိန် (Loneliness of decision) လည်း ရှိပါသည်။ ခရစ်တော်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရန် သင့်မိဘ၊ မိတ်ဆွေများအပေါ် မမှီခိုနိုင်ပါ။ သင့်ကိုယ်တိုင် ဆုံးဖြတ်ရမည်။ အထီးကျန်ဆန်မှုကို ဖြေရှင်းရာ၌ ပင်မအကြောင်းရင်းကိုမရှာဘဲ အပေါ်ယံလက္ခဏာလေးများကိုသာ ဖြေရှင်းတတ်ကြသည်။ အလုပ်ကို ဖိလုပ်ကြ သည်။ ကာမဂုဏ်ခံစားမှုဖြင့် ဖြေရှင်းသည်။ အထီးကျန်ဆန်မှုကို ရှောင်ကွင်းရန် လူ အချင်းချင်း အဖော်ပြု၍ အဖြေရှာကြသည်။ သို့ရာတွင် အလုပ်မဖြစ်ပါ။ ထိန်းမနိုင်၊ သိမ်း မရ ဖြစ်ကြရသည်။ ။

အသစ်မွေးဖွားခြင်းမရှိဘဲ၊ အပြစ်ကို ကိုင်တွယ်ဖြေရှင်းနေခြင်းသည် သဲနွံ (quick sand) ထဲ၌ ရုန်းကန်နေခြင်းနှင့် တူပါသည်။ မူးယစ်ဆေး၊ အရက်၊ လိင်မှုကိစ္စ သို့မဟုတ် စိတ်ပညာအတွေ့အကြုံများနှင့် အထီးကျန်မှုအတွက် ဖြေဆေးရှာခြင်းဖြစ်သည်။ တချို့ ကိစ္စရပ်များအတွက် ကောင်းသော်လည်း၊ မကြာခဏ ဒုက္ခရောက်ကြရသည်က များသည်။ နွံထဲနစ်ပြီးရင်းနစ်သကဲ့သို့ ဖြစ်သည်။ အဆုံးသည် အစထက် သာ၍ ဆိုးပါသည်။ ။

ဤအသက်တာအတွက် ခရစ်တော်မှလွဲ၍ အခြားကုထုံးမရှိပါ။ ခရစ်တော်အားဖြင့် သာ အသက်တာကို ပြန်တည်ဆောက်နိုင်မည့်အခြေခံ ဆက်ဆံရေး ရနိုင်သည်။ သင့် နှလုံးသား၊ အသက်တာ၌ ကျိုးကြေခဲ့ရသည့်အရာများကို ခရစ်တော်၌သာ ပြန် တည် ဆောက်နိုင်သည်။ ကိုယ်တော့်ကို ယုံကြည်ရမည်။ ကိုယ်တော်၌ စိတ်ချမှု ရှိရမည်။ ကိုယ် တော်သည် ကားတိုင်ပေါ် အသေခံတော်မူခဲ့ပါသည်။ သင့်အတွက် သေခြင်းမှ ရှင်ပြန်ခဲ့ သည်။ ကိုယ်တော့်ထံသို့ လာရန် သင့်ကို စောင့်စားလျက် ရှိပါသည်။ ။

“ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား ၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ၇ ငါနှင့်အတူ စားသောက်ရလိမ့်မည်” (ဗျာ ၃၂၀)။ အလွန် အဖော်မဲ့သည့်ဆရာလံဆရာ သည် ဆာလံကျမ်း (၄၃)ကို ရေးဖွဲ့ခဲ့သည်။ “အို ငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် ညှိုးငယ်သနည်း။ ငါ့အထဲမှာ အဘယ်ကြောင့် မငြိမ်မဝပ်ရှိသနည်း။ ဘုရားသခင်ကို မြော် လင့်လျက်နေလော့။ ငါ့ကို ကယ်တင်တော်မူသောအရှင်၊ ငါ ကိုးကွယ်သော ဘုရားသခင် ၏ကျေးဇူးတော်ကို ငါ ချီးမွမ်းထောမနာပြုရလေအံ့သတည်း” (ငယ် ၅)။ ယခု သင် ပြုံး နိုင်ပါပြီ။ သခင်ဘုရား၏ ဝမ်းမြောက်ခြင်းကို သင်စိတ်နှလုံးထဲ ခံစားနိုင်ပါသည်။

တခါတရံ အဖော်မဲ့ခြင်းသည် ဘုရားသခင်က ကျွန်ုပ်တို့ကို လက်ကမ်းရန် အချိန် တန်ပြီဟု သိစေသည့်နည်းဖြစ်တတ်သည်။ ကျွန်ုပ်တို့ ဘယ်သောအခါမျှ အဖော်မဲ့ မဖြစ် ရလေအောင် ခရစ်တော်သည် အကြီးမားဆုံးသော အဖော်မဲ့မှုကို ကျွန်ုပ်တို့ ကိုယ်တိုင် ခံစားခဲ့ပါသည်။

ယခုအချိန်သမယ၌ အောင်မြင်ကျော်ကြားသော အားကစားသမားများစွာသည် အားကစားအမျိုးမျိုး လုပ်လျက်ရှိကြသည်။ အားကစားသမားတစ်ဦးသည် ဤတရားဟော ပွဲသို့ မကြာခဏ လာလေ့ရှိသည်။ သူ့နာမည် မပြောပါရစေနှင့်။ သူသည် လက်ရှိ

ပြောပါရစေသည်ဤသည်အတော်ဆုံး အားကစားသမားများထဲမှ တစ်ယောက် ဖြစ်သည်။ ယခုတစ်ပတ် ပြုလုပ်ခဲ့ သည့် လူတွေ့မေးမြန်းမှုတစ်ခုတွင် လက်ရှိအချိန်သည် သူ၏ရွှေရောင်ကာလ ဖြစ်သော် လည်း ဤအားကစားနည်းမှ အနားယူရမည့်အချိန်ကို စိုးရိမ်ကြောင်း ဖော်ထုတ်ပြသခဲ့ ပါသည်။ ဤအားကစားနည်းသည် သူသိသမျှ သူ့ဘဝအတွက် တစ်ခုတည်းသော ဘဝ အဖော် ဖြစ်သည်။ သူက “ကျွန်တော့်ကစားရက်တွေ ကုန်လွန်သွားတဲ့အခါ၊ အဲဒီ ဟာ နေတဲ့ဟာကွက်ကို ဖြည့်ရမယ့်အရာအတွက် ရှာကြည့်ရတာ အလွန်အမင်းစိတ်ရှုပ်ထွေး ရတယ်ဗျာ” ဟုပြောသည်။ ကျွန်တော့်အတွက်တော့ ပူပြင်း ခြောက်သွေ့တဲ့ နွေကာလ ပါပဲဗျာ။ အခုလောက် တစ်ခါမှ မပူပန်ခဲ့ရဘူး။ ကျွန်တော့်ဘဝရဲ့ အခုလိုအချိန်မျိုးမှာ ကိုယ့်ကိုယ်ကို တစ်ခုခု ရသွားပြီလို့ ထင်ခဲ့တာ။ ဒါပေမယ့် ဘာမှ မတွေ့ရ၊ မရှိသေး ပါလား။”

သူ ဘာကို ရှာနေတာလဲ။ အခု ဘာကို ရှာနေတာလဲ။ ဒီည၊ သူ ဒီမှာရှိမယ်လို့ မျှော် လင့်ပါတယ်။ သူ ဘုရားသခင်ကို ရှာနေတာပါ။ သူ သဘောပေါက်ချင်မှ ပေါက်ပါမည်။ ခရစ်တော်ကို တွေ့ရှိသည့်အတွေ့အကြုံသည်သာ အရာခပ်သိမ်းကို ပြောင်းလဲစေနိုင်ပြီး၊ - သူ့ဘဝ၏ကွက်လပ်ဖြစ်တဲ့ လွတ်လပ်လဟာပြင်ကို ဖြည့်ပေးနိုင်သည်။ အသက်ရှင်ဖို့၊

ထိုက်သင့်သည့်အရာတစ်ခုကို ပေးနိုင်သည်။ ဘဝ၏ အဖော်မဲ့ခြင်းကို ဖယ်ရှားပေးနိုင် ပါသည်။ ထိုကွက်လပ် ကျွန်ုပ်တို့၌ ရှိကြသဖြင့် ခရစ်တော်ကို မတွေ့မချင်း၊ စိတ်ရှုပ် ထွေးရသည်။ မိမိကိုယ်ကို မိမိ ဝေဖန်နေကြရသည်။ ခရစ်တော်ကို သင် အမှန်တကယ် သိပါသလား။

လွန်ခဲ့သည့်တစ်လက ကျွန်ုပ် စာတစ်စောင် ရပါသည်။ ထိုစာထဲ၌ “လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်တော့်ဇနီးနဲ့ ကျွန်တော် သီးသန့်ခွဲနေခဲ့ကြတယ်။ ကျွန်တော့်နား မှာ သူမ ဆက်နေဖို့မဖြစ်နိုင်တော့လို့၊ အိမ်က ထွက်သွားပြီလို့ ပြောတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှ ဆက်သွယ်လို့မရတဲ့အခြေအနေကို ရောက်ခဲ့ကြ တယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် စွပ်စွဲကြတာတွေကလည်း အခြေအမြစ် ရှိတာတွေပါသလို၊ အခြေအမြစ် မရှိတာတွေလည်း ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အညှိုးတကြီး ပြောခဲ့ကြတယ်။ ကိုယ်ပိုင်တိုက်ခန်း မရခင် တခြားလူတစ်ယောက်နဲ့ ခဏ သွားနေမယ်ပြောပြီး ထွက်သွားတယ်”

“ကျွန်တော့်အလုပ်ကနေ အိမ်ကို ပြန်ရောက်လာတယ်။ ညစာစားပြီးတော့ TV မဖွင့် ဖွင့်အောင် လှုံ့ဆော်နေသလို ခံစားရတယ်။ ကျွန်တော်ထင်တာက အဖော်မဲ့တာတွေ၊ စိတ် ပျက်တာတွေကြောင့် ဖြစ်တာပါလို့။ တစ်ခါတလေ ရုပ်မြင်သံကြားက ခဏတာလေး အတွက် မီးလောင်နေတဲ့အခါ ထွက်ပေါက်ကလေး ဖြစ်ပေမယ့် လောင်နေတဲ့မီးကိုငြိမ်းသွားစေနိုင်တဲ့ ပစ္စည်းကောင်းတော့မဟုတ်ပါဘူး။ ဘယ်လိုပဲပြောပြော၊ ခလုတ် ဖွင့် ပြီး၊ ဟိုပြောင်း ဒီရွှေ့ လိုက်ကြည့်ရာက၊ ကျွန်တော် ဖွင့်ကြည့်မိတဲ့လိုင်းက ဆရာကြီးရဲ့ တရားဟောပြောပွဲတစ်ခုကို စတင်တော့မယ့်လိုင်း ဖြစ်နေတယ်။ အမှန်အတိုင်း ပြောရ ရင်၊ ရုပ်မြင်သံကြားက လွှင့်တဲ့အစီအစဉ်တွေကို ကျွန်တော် သိပ် အယုံအကြည် မရှိ ဘူးခင်ဗျ။ ဒါပေမယ့် ဆက်ကြည့်လိုက်ပါတယ်။ ဆရာကြီးတရားဟောအပြီးမှာ.. ပြော ရရင်၊ ကျွန်တော်နဲ့ ကျွန်တော့်အခြေအနေကို တိုက်ရိုက် ပြောနေသလိုပါပဲဗျာ။ မိမိဘဝ လမ်းကြောင်းကို ပြောင်းလဲချင်တဲ့သူတွေ၊ ရှေ့ကို ထွက်လာပြီး ခရစ်တော်ကို ကယ်တင် ရှင်အဖြစ် လက်ခံဖို့ ပြောတဲ့အခါ၊ ကျွန်တော် တွန့်ဆုတ်မိတယ်ဗျ။ ဒါပေမယ့် ကျွန်တော် ရုပ်မြင်သံကြားရှေ့သွားလိုက်ပြီး၊ ဒူးထောက်ပြီး ကျွန်တော့်နှလုံးသားထဲ ခရစ်တော်ကို လက်ခံလိုက်ပါတယ်။” အဲဒီနောက် သူ့အကြောင်း ဆက်ပြောပြသေးတယ်။ အတိချုပ် ပြောရရင်တော့ သူ့စာ အဆုံးမှာတော့ “အခုအချိန်၊ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး နဂို အတိုင်း ပြန်ဖြစ်ဖို့ စတင် လုပ်နေကြပါပြီ။” ခရစ်တော် ပြန်လည်ပေါင်းစည်းပေးသည့် လူတစ်ယောက်နှင့် သူ့ဇနီးအကြောင်း ဝမ်းသာစရာ ဇာတ်လမ်းလေးပေပဲ။

လက်ထပ်ထားကြသော်လည်း အခြေအနေမှန်၌ သီးခြားစီဖြစ်နေကြသူများ၊ ခင်ဗျား တို့အထဲ၌လည်း ရှိနိုင်ပါသည်။ တစ်ယောက်နှင့်တစ်ယောက် ပြောဆိုဆက်ဆံမှု မရှိသူ) - မေတ္တာစစ် မရှိသလောက် နီးပါး ဖြစ်နေကြသူများလည်း ရှိပေမည်။ သို့ရာတွင် ခရစ်တော် ကို ယုံကြည်ခြင်းအားဖြင့် ထိုအရာအားလုံးကို ပြန်လည်ဆန်းစစ် အသက်သွင်းပေးနိုင်ပါ > သည်။ ပျော်ရွှင်မှုအသစ်၊ ယုံကြည်မှုအသစ်စသည့် အသစ်အဆန်းတစ်ခုခုနောက်သို့ သဲသဲမဲမဲလိုက်ပြီး၊ မိမိဆန္ဒ ပြည့်လိုကြသည့် လူငယ်များစွာသည်လည်း ဤနေရာ၌ ဤညတွင် ရှိကြပါသည်။ သင်တို့ ခရစ်တော်ကို လိုအပ်နေပါသည်။ သခင်ယေရှုခရစ် တော်ကို နှလုံးသားထဲတွင် ဖိတ်ခေါ် လက်ခံကြည့်ပါ။ သင်၏တကယ့်လိုအပ်နေသော စိတ် ၏ငြိမ်းချမ်းမှုကို အမှန်ပင် ရရှိပါလိမ့်မည်။

ဒေါက်တာ ဘီလီဂရေဟန် တရားဟောချက်

No comments:

Post a Comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....